အိန္ဒိယပဲတီစိမ်းဈေး တစ်ပတ်အတွင်းမြင့်လာ အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ဝယ်လိုအားတက်လာတာကြောင့် ယခုတစ်ပတ် ပဲတီစိမ်းဈေးမြင့်တက် လာခဲ့ပါတယ်။ ပြည်တွင်းပဲအပြင် တန်ဇန်းနီးယား ပဲတီစိမ်းကို ဝယ်လိုအားကောင်းလာခြင်းက ဈေးနှုန်းကို အထောက် အပံ့ဖြစ်စေပါတယ်။ နွေပဲတီစိမ်း အထွက်ပိုမိုမယ့်အလားအလာရှိပေမဲ့ လှောင်လက်များ အဝယ်သွက်နေခြင်းကလည်း ဈေးတက် ဖို့ ဖြစ်စေပါတယ်။ တရုတ်နိုင်ငံမှာ ဆက်လက်မိုးခေါင်ခြင်းကြောင့် စိုက်ပျိုးရေးကို ထိခိုက်မှုရှိတဲ့အတွက် နိုင်ငံတကာ ဈေးကွက်မှာ တရုတ်ဝယ်လိုအား ဆက်လက်ခိုင်မာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်းမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်း ဈေးနှုန်းများကို ဖေါ်ပြလိုက်ပါတယ် တန်/ ဒေါ်လာဈေးကွက် ၁၉-၅-၁၁ ၁၈-၅-၁၁ ၁၆-၅-၁၁ ၁၄-၅-၁၁မွန်ဘိုင်း (ကင်ညာ) ၁ဝ၈၉ ၁ဝ၈၇ ၁ဝ၆၆ ၁ဝ၆၉ဒေလီ ၈၄၅-၉၃၄ ၈၄၃-၉၃၂ ၈၄၄-၉၃၃ ၈၄၆-၉၃၉အာကိုလာ ၈၈၉-၁ဝဝဝ ၈၈၇-၁ဝ၂ဝ ၈၈၈-၉၉၉ ၈၉၁-၉၈ဝMIRT(MAPT)
Background