Main menu

Background

နယ်စပ်မှ ပဲတီစိမ်းလုံးခြမ်း အပို့ရှိသလို အလုံးလိုက်လည်း တင်ပို့မှု အနည်းငယ်ပို

Sun, 05/22/2011 - 07:35 -- Anonymous (not verified)

နယ်စပ်မှ ပဲတီစိမ်းလုံးခြမ်း အပို့ရှိသလို အလုံးလိုက်လည်း တင်ပို့မှု အနည်းငယ်ပို                  မူဆယ်နယ်စပ်မှ မေလ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ဝ၈၅ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံး ၁၉၆၆ တန်ခန့်ရှိ ကန်ဒေါ်လာ ၁၉၇ဝဝဝ တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၄၂ တန် နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် ပဲတီစိမ်း ၁၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ လုံးခြမ်းကိုတော့ ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိပေမဲ့ ယခုအပတ်မှာ တင်ပို့နိုင်တာ တွေ့ရပါတယ်။ တစ်ဘက်နိုင်ငံဈေး အနည်းငယ်မြင့်သော်လည်း မိမိဘက်ဈေးမှာ ကျပ် ၅ဝဝဝဝ ကျော် ကျဆင်း လျက်ရှိပါတယ်။ ပဲမျိုးစုံ ပြည်ပဈေးကွက် ဝယ်လိုအားကျဆင်းတဲ့အတွက် ယခုအပတ်မှာ ပဲတီစိမ်း တင်ပို့မှုဟာ သိသိသာသာ တိုးမြှင့်မှုမရှိဘဲ အနည်းငယ်သာ ပိုပို့ခဲ့တာ တွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                     မိမိဘက်(ကျပ်/တန်)                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု        ယခင်     ပြောင်းလဲမှု   %        ယခု       ယခင်   ပြောင်းလဲမှု      %ပဲတီစိမ်း        ၈ဝ၄၁၁ဝ   ၈၅၆၉၇၅     ၅၂၈၆၅      ၆      ၁၁၁၂      ၁ဝ၅၉          ၅၃         ၅MIRT (DOBT)