Main menu

Background

ယခုတစ်ပတ် အိန္ဒိယကုလားပဲဈေးအနည်းငယ်လျော

Sun, 05/22/2011 - 07:54 -- Anonymous (not verified)

ယခုတစ်ပတ် အိန္ဒိယကုလားပဲဈေးအနည်းငယ်လျော                   အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်အများစုမှာ ယခုတစ်ပတ် ကုလားပဲဈေး လျော့ကျခဲ့သလို မွန်ဘိုင်းဈေးကွက်မှာ အာဖရိက ကုလားပဲဈေးကျဆင်းတယ်လို့ သိရပါတယ်။ ကြိုပွိုင့်ဈေးခိုင်မာပြီး ဈေးကွက်တစ်လျှောက် ပဲခွဲစက်များမှ ဝယ်လိုအားရှိနေတယ်လို့ သိရပါတယ်။ ကုလားပဲရိတ်သိမ်းမှု ပြီးဆုံးတော့မှာဖြစ်ပြီး လှောင် လက်များက အမြောက်အမြား သိုလှောင်ခြင်းက ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါပေမဲ့လည်း ပြည်တွင်းအထွက်မြင့်တက်ခြင်းက ဈေးနှုန်းကို ထိန်းချုပ်စေပါတယ်။ လာမယ့်လများအတွင်း လက်ထပ်ပွဲများကြောင့် ဝယ်လိုအား တက် မယ်လို့ ဈေးကွက်ကမျှော်လင့်နေကြပါတယ်။ နိုင်ငံတကာဈေးကွက်အနေနဲ့ အဓိက စိုက်ပျိုးရာ ကနေဒါနဲ့ သြစတြေးလျတို့မှာ စိုက်ပျိုးမှုကျဆင်းနိုင်တယ်လို့ သိရပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ် အတွင်း ပြောင်းလဲတဲ့ ကုလားပဲဖြူလုံးဈေးနှုန်းများကို ဖေါ်ပြလိုက်ပါတယ်။                               တန်/ဒေါ်လာ            ၁၉-၅-၁၁         ၁၈-၅-၁၁      ၁၆-၅-၁၁       ၁၄-၅-၁၁မွန်ဘိုင်း    ၅ဝဝ-၅ဝ၅     ၄၉၉-၅ဝ၄        ၅ဝ၄           ၅ဝ၈-၅၁ဝဒေလီ      ၅၂၂-၅၂၈     ၅၂၁-၅၂၇      ၅၁၁-၅၁၆      ၅၁၂-၅၁၈ဒေလီ         ၅၇၄           ၅၇၇             ၅၇၁           ၅၈၃MIRT(MAPT)