Main menu

Background

လက်လီအရောင်းအဝယ်ဈေး(ဓာတ်ဆီ/ဒီဇယ်ဆီ)

Sun, 05/22/2011 - 08:04 -- Anonymous (not verified)

ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် သုံးထောင်ကျော်တင်သွင်းခဲ့                ပြည်တွင်းလုပ်ငန်းသုံး၊ စက်ရုံသုံး စက်သုံးဆီဈေးကွက်အတွက် မေ ၈ ရက်မှ ၁၅ ရက်တာကာလအတွင်း ဓာတ်ဆီပီပါ ငါးထောင့်လေးရာကျော်၊ တန်ချိန်အားဖြင့် ခုနှစ်ရာနှစ်ဆယ့်လေးတန်နဲ့ ဒီဇယ်ပီပါတစ်သောင်းခုနစ်ထောင်ကျော်၊ တန်ချိန်အား ဖြင့် နှစ်ထောင့်သုံးရာနီးပါးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်ဆီ၊ ဒီဇယ် စုစုပေါင်းတင်သွင်းမှုမှာ တန်ချိန် တစ်ထောင့် ရှစ်ရာကျော်ရှိခဲ့ပြီး ယခုသီတင်းပတ် ဓာတ်ဆီဒီဇယ်တင်သွင်းမှုမှာ တန်ချိန် သုံးထောင်ကျော်ရှိခဲ့တာကြောင့် တန်ချိန် တစ်ထောင်ကျော်လောက် ပိုမိုတင်သွင်းနိုင် တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဒီဇယ်အသွင်းပို ဓာတ်ဆီ အသွင်းလျော့                တာချီလိတ်နဲ့ ကန်ပိုက်တီးနယ်စပ်များမှ မေ ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်း ကန်ဒေါ်လာ ဝ ဒသမ ၃၉၉ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၁၁၂၃ဝ၆ ဂါလန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၇၂ သန်းတန်ဖိုးရှိ ဓာတ်ဆီဂါလန် ၂ဝဝ၈၃ ဂါလန် တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီဂါလန် ၉၁၃ဝဝ ကျော် ပိုမိုတင်သွင်းခဲ့ပြီး ဓာတ်ဆီဂါလန် ၁၆၆၆၇ ဂါလန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ပိုက်တီးစခန်းအနေနဲ့ ကန်ဒေါ်လာ ၁၂ဝဝကျော်တန်ဖိုးရှိ စက်ဆီ၊ ချောဆီ ၂ ဒသမ ၆ တန် တင်သွင်းမှု ရှိခဲ့တယ်လို့သိရပါတယ်။MIRT (DOBT) လက်လီအရောင်းအဝယ်ဈေး                 ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- မေ ၂ဝ၁၁         ဝယ်ဈေးဓာတ်ဆီ(ကျပ်)        ဝယ်ဈေးဒီဇယ်(ကျပ်)ရက်     ရန်ကုန်    မန္တလေး          ရန်ကုန်     မန္တလေး၁၆       ၄၅ဝဝ    ၄၉ဝဝ              ၃၈ဝဝ      ၄၂ဝဝ၁၇       ၄၅ဝဝ    ၄၉ဝဝ              ၃၈ဝဝ      ၄၂ဝဝ၁၈      ၄၅ဝဝ    ၄၉ဝဝ               ၃၈ဝဝ      ၄၂ဝဝ၁၉      ၄၅ဝဝ    ၄၉ဝဝ               ၃၈ဝဝ       ၄၂ဝဝMIRT-DOTရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်- မေ ၂ဝ၁၁ရက်     အောက်တိန်း     ဓာတ်ဆီ     ဒီဇယ်      အဆင့်မြင့်ဒီဇယ်၁၆          ၄၁ဝဝ          ၂၅ဝဝ        ၄၁ဝဝ           ၄၃ဝဝ၁၇          ၄၁ဝဝ          ၂၅ဝဝ        ၄၁ဝဝ           ၄၃ဝဝ၁၈          ၄၁ဝဝ          ၂၅ဝဝ         ၄၁ဝဝ           ၄၃ဝဝ၁၉          ၄၁ဝဝ          ၂၅ဝဝ         ၄၁ဝဝ           ၄၃ဝဝ၂ဝ          ၄၁ဝဝ         ၂၅ဝဝ           ၄၁ဝဝ           ၄၃ဝဝMIRT-DOT