Main menu

Background

စိန်ဈေးနှုန်း တက်ဈေးငြိမ်၍ အရောင်းအဝယ်ပြန်စလာ

Sun, 05/22/2011 - 08:23 -- Anonymous (not verified)

စိန်ဈေးနှုန်း တက်ဈေးငြိမ်၍ အရောင်းအဝယ်ပြန်စလာ                     စိန်ဈေးကွက်တွင် စိန်ဈေးနှုန်း တက်ဈေးဖြစ်ပေါ်လာခဲ့ပြီး ယခုတစ်ပတ်တွင် ယခင်တက်ဈေးဖြင့် ဈေးငြိမ်၍ အရောင်းအဝယ်ပြန်စလာပြီဖြစ်ကြောင်း သိရပါ တယ်။                    စိန်ဝယ်ရောင်းသူတစ်ဦးက '' ဧပြီလလယ်ကစပြီး အရောင်းအဝယ်အေးခဲ့တာ၊ ရွှေဈေးတက်၊ စိန်ဈေးတက်ဆိုတော့ ဈေးပြန်ကျမလားဆိုပြီး ထိန်းထားကြတာ။ ရှေ့နှစ်ပတ်လောက်က ဈေးဆက်တက်တော့ တက်ဈေးနဲ့ တက်ရောင်းနေရတယ်။ ဈေးတက်တော့ အရောင်းအဝယ်ထိုင်းတာနဲ့ စိန်သွင်းလာတဲ့သူတွေကလည်း ၃ သိန်းတန်ပစ္စည်းကို ၂ သိန်းခွဲတန်ပစ္စည်းနဲ့အစားထိုးပြီး များများသွင်းလာတယ်။ ဈေးချသယောင်ယောင်နဲ့ ပစ္စည်းအရည်အသွေး ညံ့တာဈေးကွက်ထဲဝင်လာတယ်'' လို့ ပြောပါတယ်။ ယခုတစ်ပတ်တွင် မန္တလေးစိန်ဈေးကွက်အတွင်း ပုံမှန်အရောင်း အဝယ်ပြန်ဖြစ်လာပြီး Next White စိန်များ အရောင်းအဝယ်ရှိကြောင်း၊ တက် ဈေးဖြစ်၍ အသန့်ထက် တစ်ချက်ညှိစိန်များ ပို၍လူကြိုက်များကြောင်း သိရပါတယ်။ ဇူးဇူး