Main menu

Background

အောင်ပန်းဈေးကွက်သို့ ပုံမှန်အဝင်ရှိတဲ့ ရှမ်းချင်း

Sun, 05/22/2011 - 10:40 -- Anonymous (not verified)

အောင်ပန်းဈေးကွက်သို့ ပုံမှန်အဝင်ရှိတဲ့ ရှမ်းချင်း                 ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီနှစ် ချင်း အိတ်စပို့မရှိပေမဲ့ ပြည်တွင်းသုံးအဖြစ် အဝယ်များတာကြောင့် ဈေးကောင်းရနေတယ်လို့ သိရပါတယ်။ ချင်းခြောက်အဖြစ် ပြုလုပ်ခြင်းကလည်း နည်းပြီး ချင်း(စို) အတိုင်းသာ အရောင်းအဝယ်ဖြစ် တယ် လို့လည်း သိရပါတယ်။ သြင်္ကန်ပြီးကတည်းက မိုးရွာနေတာကြောင့် ချင်းခြောက်တွေ လည်း ဈေးကွက်ကိုသိပ်မဝင်လာပါဘူး။ ချင်းစိုတွေကတော့ အောင်ပန်းဈေးကွက်ကို ပုံမှန်အဝင်ရှိနေဆဲလို့ သိရပါတယ်။ နန်းတိုင်း၊ ဟဲဟိုး၊ ပင်းတယစတဲ့ နယ်တွေရဲ့ လှောင်လက်တွေနဲ့ တောင်သူတွေထံက ဝင်နေသေးကြောင်းသိရပါတယ်။ ၅ ရက် တစ်ဈေးကို ချင်းပိဿာချိန် ငါးထောင်မှ တစ်သောင်းခန့် ဝင်နေဆဲဖြစ်ပါတယ်။ ၆ လပိုင်းမှာ ချင်း ဥမတွေကို စဖော်ကြမှာဖြစ်တဲ့အတွက် ချင်းကတော့ နောက်တစ်ရာသီပေါ်တဲ့အချိန်ထိ ဈေးကွက်မှာရှိနေနိုင်တယ်လို့ ချင်းပွဲရုံတွေထံက သိရပါတယ်။                 ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်းစိုဈေးက အညံ့တစ်ပိဿာ ၆ဝဝ ကျပ်ရှိပြီး ပုံမှန်စတွေက ၇ဝဝ ကျပ်၊ ၈ဝဝ ကျပ်၊ ထိပ်စက ၁ဝဝဝ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၂ဝဝဝ ကျပ်မှ ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက်တစ်ပိဿာ ၂၃၅ဝ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်းသုံးအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မိတ္ထီလာ၊ ပြည်စတဲ့ မြို့တွေက ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်း ချင်းပိဿာချိန် ၅ ဒသမ ၂ သိန်းစီးဆင်းသွားတယ်လို့ ချင်းပွဲရုံတွေက သိရှိရပါတယ်။   ဧဧခိုင်