Main menu

Background

မူဆယ်ဝယ်လက်က ဆင်တောင်နနွင်းကိုပဲ ဝယ်

Sun, 05/22/2011 - 11:02 -- Anonymous (not verified)

မူဆယ်ဝယ်လက်က ဆင်တောင်နနွင်းကိုပဲ ဝယ်                ဒီနှစ်ရှမ်းနနွင်းကအထွက်နှုန်းနည်းပေမဲ့ ဝယ်လိုအားသိပ်မကောင်းတာကြောင့် လက်ကျန်တွေများနေ သေးတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ အကောင်းဆုံးဆင်တောင်နနွင်းကိုတော့ မူဆယ်ဝယ်လက် တွေက ဝယ်ယူနေကြပေမဲ့ ကျန်နနွင်းကတော့ ဝယ်လက်ပျောက်နေတယ်လို့ သိရပါတယ်။ ပြည်တွင်းသုံးအတွက် အနည်းအကျဉ်းလောက်သာ ဝယ်နေ ကြတာကြောင့် နနွင်းဈေးကွက်က မနှစ်ကလောက် အရောင်းမသွက်ဘူးလို့ သိရပါတယ်။ နနွင်းနဲ့ ချင်းက စိုက်ပိုျးချိန်တူပေမဲ့ နနွင်းသစ်ကတော့ သုံးလပိုင်းလောက်မှသာ ဈေးကွက်ကို ပြန်ဝင်မှာဖြစ်ပါတယ်။ ၁၁ လပိုင်းမှာ အစိုသာဈေးကွက်ထဲဝင်မှာဖြစ်ပြီး၊ အခြောက်တွေကတော့ ၃ လပိုင်းမှသာ ဝင်နိုင်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် နနွင်းဈေးနှုန်းကတော့ အောင်ပန်းဈေးကွက်မှာ နနွင်း (ဆင်တောင်) က တစ်ပိဿာ ၃၅ဝဝ ကျပ်၊ ကျန်နနွင်းက ၂၂ဝဝ ကျပ်နဲ့ ပင်လောင်းနနွင်းကတော့ တစ်ပိဿာ ၁၂ဝဝ ကျပ်-၁၃ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းတစ်ပိဿာ ၂၁ဝဝ ကျပ်-၂၂ဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။    ဧဧခိုင်