ဒီတစ်ပတ်နို့ဆီ အဝင်ပိုခဲ့ ဒီသီတင်းပတ်ဖြစ်တဲ့ မေ ၈ ရက်မှ ၁၄ ရက်တာကာလအတွင်း နို့ဆီ၊ နို့စိမ်း တန်ချိန် ၆၆ဝ ဒသမ ၄၅ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းငါး သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံကဖြစ်ပြီး ဒွန်းနို့ဆီ ၁၄၈ ဒသမ ၃၅ တန်၊ ဒွန်းနို့စိမ်း ၂ဝ၆ ဒသမ ၄ဝ တန်၊ COWBELL နို့ဆီ ၁၇၉ ဒသမ ၇၁ တန်နဲ့ OK တံဆိပ်နို့ဆီ ၁၂၅ ဒသမ ၉၉ တန် အသီးသီးတင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်းပတ်က အဝင် ပျောက်ခဲ့တဲ့ နို့စိမ်းက ဒီသီတင်းပတ်မှ သာပြန်လည်တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ် နို့ဆီ၊ နို့စိမ်းအဝင်က တန် ချိန် လေးရာနီးပါးရှိခဲ့ပြီး ယခုသီတင်းပတ် နို့ဆီ၊နို့စိမ်းအဝင်တန်ချိန်နဲ့ယှဉ်ရင် တန်ချိန် နှစ်ရာကျော်လောက် ပိုမိုတင် သွင်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်အနေနဲ့ ဒီတစ်ပတ်မှာ သွင်းနေကျ နယူးဇီလန်နိုင်ငံအပြင်၊ စင်ကာပူနဲ့ အင်ဒိုနီးရှားဘက်ကပါ တင်သွင်း လာတာတွေ့ရပါတယ်။ ဒီသီတင်းပတ် နို့မှုန့်အဝင်က ၃၆ တန်ကျော်သာ ရှိခဲ့တာကြောင့် ယခင်သီတင်းပတ်အဝင်နဲ့ ယှဉ်ရင် ငါးဆနီးပါးလောက်လျော့နည်းပြီး တင်သွင်းလာတာတွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ နို့ဆီ၊ နို့စိမ်း အသွင်းလျော့ မေ ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်း ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၁ဝ၂ဝဝ တန်ဖိုးရှိ နို့ဆီဖာ ၇ဝဝ (၁၃ ဒသမ ၂၇၂ တန်) နဲ့ ကန်ဒေါ်လာ ၁၇ဝဝဝ တန်ဖိုးရှိ နို့စိမ်း ဖာ ၁ဝဝဝ (၁၈ ဒသမ ၉၆ တန်) တင်သွင်း မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နို့ဆီ ဖာ ၂၃ဝဝ နဲ့ နို့စိမ်း ဖာ ၆ဝဝ လျော့နည်း တင်သွင်းခဲ့ပါတယ်။ ယခု အပတ် မူဆယ်နယ်စပ်မှ နို့မှုန့်တင်သွင်း မှုမရှိဘူးလို့ သိရပါတယ်။ MIRT (DOBT)ပြည်တွင်းနို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၈ဝဝ ၈၁၅ဒွန်း( နို့စိမ်း) ၇၅ဝ ၇၆၅Falcon နို့ဆီ ၆၅ဝ ၆၆၅ံHappy Cow (အနီ) ၆ဝဝ ၆၁၅Happy Cow (အပြာ) ၆၈ဝ ၆၉၅အိုကေနို့ဆီ ၇၂ဝ ၇၃၅MIRT (DOT)
Background