Main menu

Background

တောင်သူများ ဆီထွက်သီးနံှ ထုတ်လုပ်မှု မြင့်တက်လို့ အိန္ဒိယစားအုန်းဆီတင်သွင်းမှု ကျဆင်းနိုင်

Mon, 05/23/2011 - 05:13 -- Anonymous (not verified)

တောင်သူများ ဆီထွက်သီးနံှ ထုတ်လုပ်မှု မြင့်တက်လို့ အိန္ဒိယစားအုန်းဆီတင်သွင်းမှု ကျဆင်းနိုင်                 တရုတ်နိုင်ငံပြီးရင် စားဆီအသုံးပြုမှု အကြီးဆုံး အိန္ဒိယဟာ ပဲပုပ်နဲ့ မြေပဲ အထွက်မြှင့်တင်ဖို့ အကူအညီပေးတဲ့အနေနဲ့ တောင်သူများအတွက် ဆီထွက်သီးနံှ ဈေးနှုန်းကို တိုးမြင့်ပေးမှာဖြစ်လို့ စားအုန်းဆီ တင်သွင်းမှု ကျဆင်းနိုင်ပါတယ်။ စားနပ်ရိက္ခာသီးနံှနဲ့ နှိုင်းယှဉ်ရင် မိုးရာသီစိုက်ပျိုးတဲ့ ဆီထွက်သီးနံှနဲ့ ပတ်သက်ပြီး တောင်သူတွေအကျိုးအမြတ်ပိုမိုရရှိဖို့ အစိုးရက အကူအညီပေးနိုင်တယ်လို့ စိုက်ပျိုးရေး ထုတ်ကုန် ကုန်ကျစရိတ်နဲ့ ဈေးနှုန်းကော်မရှင်ဥက္ကဌ Ashok Gulati က ပြောကြားပါတယ်။              အိန္ဒိယနိုင်ငံဟာ စားဆီတင်သွင်းမှုရဲ့ ၈ဝ ရာခိုင်နှုန်းကျော်ကို စားအုန်းဆီတင် သွင်းပြီး ကမ္ဘာ့စားအုန်းဆီအများဆုံးဝယ်ယူသူအဖြစ် တည်ရှိနေပါတယ်။ အိန္ဒိယရဲ့ တင်သွင်းမှု ကျဆင်းနိုင်ခြင်းက မလေးရှား အခြေခံစံဈေးနှုန်းကို ကျဆင်းစေနိုင်ပါတယ်။ ဆန်၊ ပဲနီလေး၊ ပြောင်းနဲ့ ဆီထွက်သီးနံှအပါအဝင် သီးနံှထုတ်လုပ်မှု ကုန်ကျ စရိတ်ဟာ စွမ်းအင်နဲ့ ဓါတ်မြေသြဇာဈေးနှုန်းကြီးမြင့်ခြင်း၊ လယ်ယာလုပ်သားများရဲ့ လုပ်ခလစာငွေ ပိုမိုလာခြင်းတို့ကြောင့် ယခင်နှစ်မှာ ၂ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့   Gulati က ဆိုပါတယ်။                 ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် ကျော်လွန်ပြီး တောင်သူအကျိုးအမြတ် ၂ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်း ရရှိစေဖို့ ကြိုးစားနေကြောင်း၊ တောင်သူများအနေနဲ့ အစိုးရဝယ်ယူဈေးထက် နိမ့်ကျတဲ့ ဈေးကွက်ထဲမှာ ရောင်းချမှုကို ကာကွယ်ရမယ်လို့ လည်း ဆိုပါတယ်။ ဇွန်လမှာ ကုန်ဆုံးတဲ့ ယခုနှစ်အတွင်း အိန္ဒိယဆီထွက်သီးနံှ ထွက်ရှိမှုဟာ ၂၁ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၃ဝ ဒသမ ၂၅ သန်းထိ မြင့်တက်နိုင်တယ်လို့ ဧပြီလ ၆ ရက်နေ့မှာ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ဆိုပါတယ်။ ၂ဝ၁ဝ-၁၁ အတွင်း ဟင်းသီးဟင်းရွက်တင်သွင်းမှုဟာ စားအုန်းဆီ တန်ချိန် ၇ ဒသမ ၆ သန်းအပါအဝင် စုစုပေါင်း တန်ချိန် ၉ ဒသမ ၃၇ သန်းအထိ ရှိလာနိုင်တယ်လို့ အမေရိကန် စိုက်ပျိုးရေးဌာနက ခန့်မှန်းထားပါတယ်။ လိုအပ်ချက်ရဲ့ ထက်ဝက်ကျော်ကို တင်သွင်းလျက်ရှိရာ မလေးရှားနဲ့ အင်ဒိုနီးရှားက စားအုန်းဆီ ဝယ်ယူပြီး ဘရာဇီးနဲ့ အာဂျင်တီးနားက ပဲပုပ်ဆီဝယ်ယူလေ့ရှိပါတယ်။    ယုဇန၊Source: Bloonberg