ပြည်ဈေးကွက်သို့ မြေပဲဆံအဝင်များ၍ ဈေးအနည်းငယ်ကျ ပြည်ဈေးကွက်သို့ ရခိုင်ပြည်နယ်ဘက်မှ မြေပဲဆီဆံများ ဝင်ရောက်လာသဖြင့် မြေပဲဆံဈေးအနည်းငယ် ကျလာပါတယ်။ မြေပဲဆံဈေးအနည်းငယ်ကျလာသော်လည်း ဆီဈေးမှာ ငြိမ်နေပါတယ်။ ရခိုင်၊ ကံမနဲ့ မင်းတုံးဘက်မှ တစ်နေ့ကို မြေပဲ ဆံအိတ် ၁၅ဝဝခန့် ဝင်ရောက်လျက်ရှိပါတယ်။ ဆီကြိတ်ရန် လုံလောက်မှုရှိတာ ကြောင့် ဆီဈေးမှာ ငြိမ်နေလျက်ရှိပါတယ်။ ဆီကြိတ်မြေပဲဆံတစ်ပိဿာကို ၁၆၅ဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာ ၁၈၅ဝ ကျပ်ဈေးဖြင့် ယခင်အပတ်ထက် ဈေးအနည်းငယ် ကျလာတာ တွေ့ရပါတယ်။ ဆီဈေးမှာ တစ်ပိဿာ ၄ဝဝဝ ကျပ်ဈေးဖြင့် ယခင် အပတ်အတိုင်း ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း
Background