Main menu

Background

မလေးရှား စားအုန်းဆီဈေး ခိုင်မာနေဆဲလို့ MPOC မှဆို

Mon, 05/23/2011 - 05:26 -- Anonymous (not verified)

မလေးရှား စားအုန်းဆီဈေး ခိုင်မာနေဆဲလို့ MPOC  မှဆို             ပြည်ပအဝယ်ခိုင်မာလာနိုင်တာကြောင့် လာမယ့်လများမှာ မလေးရှား စားအုန်းဆီဈေး ဆက်လက်ခိုင်မာဖွယ်ရှိတယ်လို့ မလေးရှားစားအုန်းဆီကောင်စီ (MPOC) ဥက္ကဌ Datuk lee Yeow Chor  က ပြောကြားပါတယ်။ ရောင်းချမှု အလံျှပယ်ရှိနေပေမဲ့ လက်ရှိမူမမှန်တဲ့ ပူနွေးရာသီဥတုဖြစ်စဉ်က ကုန်စည်ဈေးနှုန်း မြင့်တက်ဖို့ ထိန်းချုပ်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။              ယခု ပထမ ၁၅ ရက်အတွက် ပြည်ပတင်ပို့မှုဟာ ၂ဝ ရာခိုင်နှုန်းကျော် တိုးတက်လာတယ်လို့ ဆိုပါတယ်။ ဈေးကွက်အခြေအနေခိုင်မာနေဆဲဖြစ်တယ်လို့ မေလ ၁၉ ရက်မှာ ကျင်းပတဲ့ Palm International Nutra Cosmeceuticals 2011 (PINC 2011)  ညီလာခံမှာ ပြောကြားခဲ့ပါတယ်။             မေလ ၁ ရက်မှ ၁၅ ရက်အတွင်း မလေးရှားစားအုန်းဆီ ထုတ်ကုန်တင်ပို့မှုဟာ ဧပြီလ ၁ ရက်မှ ၁၅ ရက်အတွင်းတင်ပို့ခဲ့တဲ့ တန်ချိန် ၄၁၈၁၃၄ ထက် ၂၇ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၅၃၃၃၄၁၉ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁ဝ ပထမနှစ်ဝက်အတွင်း ပူပြင်းပြီး မိုးခေါင်တဲ့ အခြေအနေကြောင့် စားအုန်းဆီ ထုတ်လုပ်မှု ထိခိုက်ခဲ့သလို ဒုတိယနှစ်ဝက်မှာလည်း မိုးများသည်းထန်ခဲ့လို့ စားအုန်းဆီ အထွက်နှုန်း ကျဆင်းခဲ့ပါတယ်။                မေလ ၁၈ ရက်နေ့ စားအုန်းဆီကြိုပွိုင့်ဈေးဟာ အိန္ဒိယနဲ့ တရုတ်က ဝယ်လိုအားခိုင်မာလာတာကြောင့် သီတင်း ၂ ပတ်အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ အမေရိကန်မှာရာသီဥတု စိုစွတ်မှုကြောင့် ပဲပုပ်စိုက်ပျိုးမှု ထိခိုက်ပြီး ဥရောပမှာ မိုးခေါင်ခြင်းကြောင့် မုံညှင်းစေ့ အထွက်နှုန်းလျော့ကျနိုင်တဲ့ အခြေအနေ တွေအရ စားအုန်းဆီဈေးမြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ယုဇန Source: Bennama