Main menu

Background

အာဂျင်တီးနား ပဲပုပ်ဆီတင်သွင်းမှု တရုတ်တိုးမြှင့်မယ်

Mon, 05/23/2011 - 05:32 -- Anonymous (not verified)

အာဂျင်တီးနား ပဲပုပ်ဆီတင်သွင်းမှု တရုတ်တိုးမြှင့်မယ်                  အာဂျင်တီးနားပဲပုပ်ဆီ တန် ၅ သိန်းကို တရုတ်က ဝယ်ယူသွားမယ်လို့ အာဂျင်တီးနား နိုင်ငံခြားရေး ဝန်ကြီးနဲ့ တရုတ်စီးပွားကူးသန်းဝန်ကြီးက မေလ ၁၇ ရက်နေ့မှာ ပြောကြားပါတယ်။ အဲဒီဝယ်ယူမှုဟာ တရုတ်သွင်းကုန် လျှော့ချခဲ့တဲ့ ယခင်နှစ်ကုန်သွယ်ရေး အငြင်းပွားမှုကို ပုံမှန်ပြန်ဖြစ်လာဖို့ ရည်ညွှန်းခြင်းဖြစ်ပါတယ်။ ယခင်နှစ်က ၆ လအကြာ အာဂျင်တီးနား ပဲပုပ်ဆီ တင်သွင်းမှု ပိတ်ပင်ခဲ့ပြီးနောက် တရုတ် ကုန်သွယ်မှု လေ့လာရေး အဖွဲ့ဟာ ဗျူနိုအေးရီးကို သွားရောက်ခဲ့တာ ဖြစ်ပါ တယ်။                 ဒါ့အပြင် အာဂျင်တီးနားမှာ တရုတ်ကုမ္ပဏီများက ကန်ဒေါ်လာ ၁၄ ဘီလီယံဖိုး ရင်းနှီးမြှုပ်နံှမယ်ဆိုတာ လည်းကြေညာခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာမှာ ပဲပုပ်ဆီ အများဆုံးဝယ်ယူတဲ့ တရုတ်နိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း တင်ပို့ သူ အာဂျင်တီးနား က ပဲပုပ်ဆီဝယ်ယူမှု ကို ၂ဝ၁ဝ ခုနှစ် မတ်လ နှောင်းပိုင်းမှာ ရပ်ထားခဲ့ပါတယ်။ အမေရိကန် တောင် ပိုင်းနိုင်ငံတွေက တရုတ်ထုတ်ကုန် ပစ္စည်းအချို့ အပေါ် တင်သွင်းမှု ပိတ်ပင်ခဲ့ပြီးနောက်မှာ တရုတ်က ရပ်တန့်ခဲ့တာဖြစ်ပါတယ်။                   ယခုနှစ် ပထမ ၃ လအတွင်း တရုတ်နိုင်ငံရဲ့ပဲပုပ်ဆီ တင်သွင်းမှုဟာ ၂ဝ၁ဝ ပထမ ၃ လတင်သွင်းမှုထက် ၂ဆကျော် ပိုမိုပြီး၊ တန်ချိန် ၃ သိန်းရှိ ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင် Source: Reuters