ပြည်ပဲပုပ်အရောင်းအဝယ်အေး ယခုတစ်ပတ် ပဲပုပ်ဈေးမှ ပိဿာ ၂ဝ တစ်တင်းကို ၁၆ဝဝဝ ကျပ်- ၁၆၅ဝဝ ကျပ်အတွင်း အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ တစ်ရက်ကို တစ်အိတ်စ၊ နှစ်အိတ်စသာ အရောင်း အဝယ်ဖြစ်ပြီး တိုင်းအတွင်းရှိ လက်လီ သမားများသာ အဝယ်ရှိတယ်လို့ သိရပါတယ်။ ပဲပုပ်ကို အခြားတိုင်းသို့ တင်ပို့နိုင်ခြင်းမရှိဘဲ ဒေသတွင်း စားသုံးခြင်း ဖြင့်သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဆုမွန်ဆွေ၊ ပြည်
Background