ဝယ်လိုအားကောင်းတဲ့ ပခုက္ကူ ပဲတီစိမ်းဈေးကွက် ပခုက္ကူခရိုင် ရေစကြိုမြို့နယ်ထဲမှာ စိုက်ပျိုးထွက်ရှိတဲ့ ပဲတီစိမ်းကြီးတွေ တစ်နေ့ကို အိတ် ၇ဝဝ မှ ၁ဝဝဝအတွင်း ပခုက္ကူ ကို အဝင်ရှိပါတယ်။ အလုံးလှလှ အရောင်ဝင်းဝင်းတွေဆိုရင် တစ်တင်းကို ၂၉၅ဝဝ ကျပ်ရှိပြီး မိုးမိထားလို့ အရောင်မလှ အခွံကျွတ်များပါရင် ၁၉ဝဝဝ ကျပ်ဘဲရှိပါတယ်။ ပဲတီစိမ်းသေးကတော့ ၁၈ဝဝဝ ကျပ်မှ ၂ဝဝဝဝ ကျပ်ပဲရှိပါ တယ်။ တရုတ်ဘက်က ဝယ်လိုအားကောင်းလို့ ပခုက္ကူကနေ မန္တလးကို တန်းပြီးတင်ကြပါတယ်။ ရန်ကုန် ပဲခွဲစက်သမားတွေကလည်း အဝယ်အော်ဒါရှိလို့ ပဲတီစိမ်းစိုက်တောင်သူတွေပွဲရုံတွေမှာ ပျော်တပြုံးပြုံးနဲ့ မြင့်တွေ့ နေရပါတယ။် မောင်မောင်အေး
Background