Main menu

Background

၂ဝ၁၁ ခုနှစ်အတွင်း မဲဆောက်၌ အထူးစီးပွားရေးနယ်မြေအပြီး တည်ဆောက်သွားရန် အတည်ပြု

Mon, 05/23/2011 - 06:24 -- Anonymous (not verified)

 ၂ဝ၁၁ ခုနှစ်အတွင်း မဲဆောက်၌ အထူးစီးပွားရေးနယ်မြေအပြီး တည်ဆောက်သွားရန် အတည်ပြု             ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ အထူးစီးပွားရေးနယ်မြေတည်ထောင်ရန် ဝန်ကြီးအဖွဲ့အစည်းအဝေးက အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း စက်မှုဝန်ကြီးနိုင်းချိုင်းယဂွတ်ဘန်နဝပ်က မေလ ၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။ မဲဆောက်မြို့နယ်ထဆိုင် လွတ်ရပ်ကွက်၊ မဲ့ပလဲရပ်ကွက်နယ်မြေအတွင်း တည်ထောင်မှာဖြစ်ပြီး သစ်တောဌာနမှ မြေဧက ၅၆ဝဝ ခန့်ကို ငှားရမ်း တည်ထောင်သွားမှာ ဖြစ်ပါတယ်။ ဘေးပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် ဝန်ကြီးဌာနများ ပူးပေါင်းဆွေးနွေးဆုံးဖြတ်လုပ်ဆောင်သွား ကြမှာလို့သိရပါတယ်။ အထူးစီးပွားရေးနယ်မြေအတွင်း ကျင့်သုံးမဲ့ စည်းမျဉ်းအား ရေးဆွဲနေဆဲဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်ဒေသ ကူးသန်းရောင်းဝယ်ရေးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ တပ်ခရိုင်အုပ်ချုပ်ရေးမှူး နိုင်းဆာမတ်လွယ်ဖားကဆိုပါတယ်။ ထိုင်း-မြန်မာ ဆက်သွယ်မှုကတစ်ဆင့် ဘင်္ဂလားဒေ့ရှ် အိန္ဒိယ-မြန်မာ-သီရိလင်္ကာ-ထိုင်း စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဒေသတွင်းအဖွဲ့ (BIMST-EC)နဲ့ ကုန်သွယ်မှုတိုးမြှင့် ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ မဲဆောက်မြို့နယ်အထူးစီးပွားရေးနယ်မြေမှာ One Stop Services ထုတ်ကုန် သွင်းကုန်၊ အပြည်ပြည်ဆိုင်ရာ စက်မှုလုပ်ငန်း၊ Logistic Park  ပစ္စည်းသိုလှောင်ရုံ၊ အကောက်ခွန်ဂိတ်၊ လူဝင်မှု စစ်ဆေးရေးဂိတ်၊ နေအိမ်ပန်းခြံများပါ ထည့်သွင်းဆောက်လုပ်သွားမှာဖြစ်ပြီး ၂ဝ၁၁ ခုနှစ်အတွင်း အပြီး တည်ထောင်မယ်လို့သိရပါတယ်။  Source: ဘန်ကောက်၊သောင်းနိုင်