Main menu

Background

ရာသီကုန်ဆုံး ရှောင်ဖယ်ပုန်းတော့မယ့် ဖရဲသီး

Mon, 05/23/2011 - 06:31 -- Anonymous (not verified)

ရာသီကုန်ဆုံး ရှောင်ဖယ်ပုန်းတော့မယ့် ဖရဲသီး                   လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်နှစ် တစ်ကြိမ် လှိုင်လှိုင်တင်ပို့တဲ့ ဖရဲသီးဟာ မေလဆန်းလောက် ကစပြီး ပျောက်ကွယ်စပြုလာပါတယ်။ ဒီနှစ် မတ်လမှာ ဖရဲသီး တန်ချိန် ၁၂၉၃ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်နှစ် မတ်လမှာ တန်ချိန် ၂၇၆၈ ခန့် တင်ပို့နိုင်ခဲ့ပေမဲ့ ဒီနှစ်မှာ ရာသီဥတု အခြေအနေ အပြောင်းအလဲတွေကြောင့် ဖရဲသီး အထွက်နောက်ကျခဲ့ပြီး မတ်လအတွင်း တန်ချိန် ၁၄၇၅ ခန့် တင်ပို့မှုလျော့နည်းခဲ့တာတွေ့ရှိရပါတယ်။ ဧပြီလမှ တန်ချိန် ၆၃၈၅ ခန့်တင်ပို့ခဲ့ပြီး ယခင်နှစ် ဧပြီလမှာ တန်ချိန် ၄၈၈၆ ခန့်ပဲ တင်ပို့နိုင်ခဲ့တာ တွေ့ရှိရပါတယ်။ မေလဆန်းပိုင်းမှာ တန်ချိန် ၁၆၅ ခန့်တင်ပို့နိုင်ခဲ့ တာတွေ့ရှိရပေမဲ့ ယခင်နှစ် မေလမှာတော့ တင်ပို့မှု မရှိခဲ့တာတွေ့ရှိရပါတယ်။ ယခင် နှစ်က တန်ချိန် ၇၆၅၄ ခန့်တင်ပို့နိုင်ခဲ့တဲ့ ဖရဲသီးဟာ ဒီနှစ်မှာ တော့ တန်ချိန် ၇၈၄၃ ခန့် တင်ပို့နိုင်ခဲ့တာကြောင့် တန်ချိန် ၁၉ဝ နီးပါးပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နှစ်စဉ် ဧပြီလ ဝန်းကျင်မှာ ဗန်းမော်ခရိုင် စင်းခန်းဒေသ ရွှေကူမြို့နယ်နဲ့ ကသာခရိုင် အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိတဲ့ ဒေသထွက် ဖရဲသီးတွေကို ဗန်းမော်-မိုးမောက်၊ လွယ်ဂျယ် လမ်းကြောင်းမှ တစ်ဆင့် တစ်ဖက်နိုင်ငံ ယူနန်ပြည်နယ်အတွင်းပိုင်း မြို့များ အထိ ပစ္စည်းအရည် အသွေးကိုကြည့်၍ ဖရဲကားတစ်စီးကို ယွမ် (၄၅ဝဝဝ) မှ ယွမ် (၅၈ဝဝဝ) ခန့်ထိပေး ဝယ်ယူကြပါတယ်။ ကားတစ်စီးမှာ ဖရဲသီး ၁၈ တန်ဝန်းကျင်တင်ဆောင် တယ်လို့သိရပါတယ်။ နကသ (လဂ)၊MIRT