Main menu

Background

နယ်စပ်မှ ပရဆေးကုန်ကြမ်း တန် ၄ဝဝ ကျော် တင်ပို့

Mon, 05/23/2011 - 06:33 -- Anonymous (not verified)

နယ်စပ်မှ ပရဆေးကုန်ကြမ်း တန် ၄ဝဝ ကျော် တင်ပို့                မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ဝ ဒသမ ၄၇၉ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၄ဝ၆ တန်ကျော်ကို မေလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ပရဆေးကုန်ကြမ်း ၃၉၅ တန်ကျော် တင်ပို့ခဲ့တာမို့ သိသိသာသာ ပိုမိုတင်ပို့ခြင်း မရှိသော်လည်း ၁၁ တန် တင်ပို့မှု ပိုမိုခဲ့ပါတယ်။             ယခုအပတ် မူဆယ်မှ တင်ပို့တဲ့ ပရဆေး ကုန်ကြမ်းတွေကတော့ ကွမ်းစားဂမုန်း ၁၂၅ တန်ခန့်၊ မိကျောင်းကွမ်းဖတ်စေ့ ၅၆ တန်ကျော်၊ နေလဲစေ့ ၁၆ တန်၊ မာလာဥ တန် ၇ဝ ၊ မာလာဥခေါင်း ၁၈ တန်ကျော်၊ တောဂျင်း ၂ တန်၊ ဒရင်ကောက်မြစ် ၉တန်၊ စမုံစပါး ၁ဝ တန်၊ စမုံနက် ၂ တန်ခန့်၊ ကြောင်ပန်းစေ့ ၁၃ တန်၊ ဖန်းခါးသီးခြောက် ၁၈ တန်ခန့်၊ မုတ်ခါး ၇ တန်ကျော်၊ မျောက်ဥခြောက် ၁၇ တန်၊ တောဂျုးမြစ် ၂၆ တန်ကျော်နဲ့ စကားပန်းပွင့်ခြောက် ၁၆ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ တရုတ်တိုင်းရင်းဆေး ဖော်စပ်ရာမှာ အသုံးပြုရန်အတွက် မြန်မာပရဆေးများ တရုတ်ဈေးကွက်မှာ နေရာရနေတာဖြစ်ပါတယ်။ MIRT (DOBT)