Main menu

Background

နယ်စပ်မှ သစ်သီးဝလံကုန်သွယ်မှု

Mon, 05/23/2011 - 06:37 -- Anonymous (not verified)

နယ်စပ်မှ သစ်သီးဝလံကုန်သွယ်မှု                    မေလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း မူဆယ်၊ လွယ်ဂျယ်နဲ့ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၅၆၂ သန်းတန်ဖိုးရှိ သရက်သီး ၄၃၂၄ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် သရက်သီး တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ စိန်တလုံး ၁၂၂၈ တန်ကျော်၊ ရွှေဟင်္သာ ၁၇၂၁ တန်ကျော်နဲ့ အကြမ်းသီးတန် ၁၁၈ဝ၊ လွယ်ဂျယ်မှ အကြမ်းသီး တန် ၈ဝ နဲ့ မောင်တောမှ အကြမ်းသီး ၃၅ တန်ခန့်ဖြစ်ပါတယ်။ ယခင်အပတ်ကထက် တန် ၂ဝဝဝ ကျော် နယ်စပ်စခန်းများမှ ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ မူဆယ်နယ်စပ်မှ ၁၅ ကီလိုပါ သရက်သီး ဂျပ်ဖာ တစ်လုံးကို ယွမ် (၆ဝ -၇ဝ) ဈေးပေါက်လျက် ရှိပါတယ်။ ဒါဟာ အိတ်စွပ်သရက်သီးရဲ့ ပေါက်ဈေးဖြစ်ပါတယ်။ အိတ်မစွပ်လျှင် ယွမ် ၂ဝ မှ ၃ဝ ဝန်းကျင်သာ ရတဲ့အတွက် သရက်သီးအိတ်စွပ်ဈေးဟာ အိတ်မစွပ် တဲ့ ဈေးထက် နှစ်ဆကျော်လောက် ရလျက်ရှိပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ၂၈၃ဝဝဝ တန်ဖိုးရှိ ဖရဲသီး တန် ၁၈ဝဝ ကျော် တင်ပို့မှုရှိခဲ့ပြီး ယခင်အပတ်ကထက် တန် ၂ဝဝဝ ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ဖရဲရာသီကုန်ပြီးဖြစ်လို့ လက်ကျန်ဖရဲများကို ရသလောက်တင်ပို့နေတာ တွေ့ရပါတယ်။ မိမိဘက်မှ သစ်သီးဝလံတင်ပို့မှု ရှိသိလို တစ်ဘက်နိုင်ငံမှလည်း ကန်ဒေါ်လာ ၄၅၉ဝဝ ကျော် တန်ဖိုးရှိ ပန်းသီး ၁၄၃ တန် တင်သွင်းခဲ့တာမို့ ယခင်အပတ်ကထက် ၄၃ တန် ပိုမို တင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOBT)