Main menu

Background

ပြောင်း ပင်လယ်ရေကြောင်း တင်ပို့မှု ပုံမှန်

Mon, 05/23/2011 - 06:50 -- Anonymous (not verified)

ပြောင်း ပင်လယ်ရေကြောင်း တင်ပို့မှု ပုံမှန်                  မေလ ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၁ဝ၈ဝ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၂၇၉ သန်း တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ကလည်း တန် ၁ဝဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ပုံမှန်လို့ဆိုရပါတယ်။ တင်ပို့ခဲ့တာကတော့ စင်ကာပူနိုင်ငံကို ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းက အပို့နည်းပေမယ့် နယ်စပ်ကုန်သွယ်ရေးကတော့ တန် ၁ဝဝဝဝ ကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခုအပတ် FOB ရန်ကုန်ဈေး ကတော့ ပြောင်းလဲမှုမရှိပဲ ၂၉ဝ ဒေါ်လာနဲ့ ၃၁ဝ ဒေါ်လာ ကြား ဈေးရလျက်ရှိပါ တယ်။      KZW