Main menu

Background

၂ဝ၁ဝ-၂ဝ၁၁ အတွင်း အိန္ဒိယနိုင်ငံ ပင်လယ်စာ တင်ပို့မှုတိုးတက်

Mon, 05/23/2011 - 06:57 -- Anonymous (not verified)

၂ဝ၁ဝ-၂ဝ၁၁ အတွင်း အိန္ဒိယနိုင်ငံ ပင်လယ်စာ တင်ပို့မှုတိုးတက်               ၂ဝ၁ဝ-၂ဝ၁၁ အတွင်း အိန္ဒိယနိုင်ငံ ပင်လယ်စာတင်ပို့မှု က နှစ်အလိုက်တင်ပို့မှု ၂၅ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ကာ ဝင်ငွေကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံရရှိခဲ့တယ်လို့ သိရတယ်။၎င်းပမာဏက ရည်မှန်းချက်ကို ကျော်လွန်ခဲ့ ကြောင်း ၊ ဂျပန်နဲ့ ဥရောပဈေးကွက်တွေကို သင်္ဘောတင်ပို့မှု တိုးတက်ခဲ့ရာ ပို့ကုန်ပမာဏတိုးတက်ကြောင်းသိရပါတယ်။ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်အတွင်း ပင်လယ်စာတင်ပို့မှုမှ ဝင်ငွေကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံသာရရှိခဲ့ပြီး ၂ဝ၁ဝ- ၂ဝ၁၁ မှာ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံသာရရှိမယ် ခန့်မှန်းထားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အနက်ရောင် ပုစွန်ကြား(Black Tiger Shrimp)  နဲ့ အေးခဲ ပြည်ကြီးငါး တို့ကို ဥရောပ၊ ဂျပန်နဲ့ အမေရိကန်မှ ဝယ်လို အားများလာပြီး တင်ပို့မှုတိုးတက်ကာ ဝင်ငွေပမာဏစံချိန်တင်ခဲ့ကြောင်း သိရပါတယ်။              ယခင်ဘဏ္ဍာနှစ်အတွင်း ပင်လယ်စာတင်ပို့မှုစုစုပေါင်း မှာ ဥရောပကို ၂၆ ရာခိုင်နှုန်း၊ ဂျပန်ကို ၂ဝ ရာခိုင် နှုန်းနဲ့ အမေရိကန်ကို ၁၇ ရာခိုင်နှုန်းတင်ပို့ခဲ့ရကြောင်း၊ အဓိက တင်ပို့ရတဲ့ ပင်လယ်စာတွေမှာ အနက်ရောင်ပုစွန်ကြား၊ လတ်ဆတ်တဲ့ ပုဇွန်၊ အေးခဲထားတဲ့ ငါးမျိုးမျိုး၊ အေးခဲထားတဲ့ တူနာငါးနဲ့ ပြည်ကြီးငါးတို့ဖြစ်ကြောင်း သိရ ပါတယ်။ ပပSource:economictimes,indiatimes.com