မန္တလေး- မူဆယ် ကုန်စည် အတက်နည်း ကုန်တင်ခ ခေါက်ချိုးကျဆင်း

မန္တလေး- မူဆယ် ကုန်စည် အတက်နည်း ကုန်တင်ခ ခေါက်ချိုးကျဆင်း                မန္တလေး- မူဆယ်ကုန်စည်အတက်နည်းခြင်းကြောင့် ကုန်တင်ပို့ခများ ခေါက်ခိုျးနီးပါးမျှကျဆင်းလာကြောင်း သိရပါတယ်။ မန္တလေး- မူဆယ်လမ်းပိုင်းပြေးဆွဲနေတဲ့ ကုန်တင်ကားဂိတ်လုပ်ငန်းရှင်တစ်ဦးက ''သြင်္ကန်ပြီးကတည်းက ကုန်ပါးတော့ ကုန်တင်ခ ပြုတ်ကျလာခဲ့တယ်။ တစ်ရက်ကို ၃ ကျပ်-၅ ကျပ်ကျလာခဲ့တာ တချို့ရက် ၁ဝ ကျပ်လောက်ကျလာတာလဲရှိတယ်။ ဧပြီလဆန်းပိုင်းက အတက်ကုန် ၉၅ ကျပ်၊ ၉၆ ကျပ်ရှိခဲ့ရာက ယခုတစ်ပတ်မှာ ၅ဝ ကျပ်၊ ၅၁ ကျပ်ပဲရှိတယ်။ ဒါတောင် အတက်ကုန်ပြန်လိုက်လာတဲ့အတွက် နည်းနည်းပြန်တက်လာတာ။ ရှေ့တစ်ပတ်ကဆို ၄၆ ကျပ်၊ ၄၇ ကျပ်ပဲရှိတယ်။ အဆင်းကုန်က အများကြီးမကျဘူး။ ရှေ့တစ်ပတ်က တစ်ပိဿာကို ၁၁ဝ ကျပ်ရှိရာက ၁ဝ၃ ကျပ်ထိ ကျဆင်းလာတယ်'' လို့ပြောပါတယ်။ တရုတ်ငွေဈေးကျလို့ အတက်ကုန်အသွားနည်းပြီး အဆင်းကုန်များသာ ဝင်ရောက်လျက်ရှိခြင်းကြောင့် အတက်ကုန်တင်ခဈေးမှာ ခေါက်ချိုးနီးပါး ကျဆင်းလာခဲ့ ပါတယ်။ ယခုတစ်ပတ်တွင် ဆီးသီးခြောက်နဲ့ ကြက်ဆူများ အများဆုံးသွား၍ ပဲနဲ့ပြောင်းများ ပြန်လည်တင်ပို့မှုရှိလာကြောင်း သိရပါတယ်။ အဆင်းကုန်များတွင် လူသုံးကုန်၊ အလှကုန်နဲ့ မြေဆီများဝင်ရောက်လျက်ရှိရာ ယခုတစ်ပတ်တွင် မြေဆီဝင်ရောက်မှုနည်းလာခြင်းကြောင့်  အဆင်းကုန်တင်ခ တစ်ပိဿာ ၅ ကျပ် ကျဆင်း လာကြောင်း သိရပါတယ်။ ဇူူးဇူူး