မန်း စက်သုံးဆီအရောင်းဆိုင်များတွင် ဓာတ်ဆီဝယ်ယူခွင့်စာအုပ် ငှားရမ်းမှုဈေးကွက်ဖြစ်ပေါ် မန္တလေးမြို့ရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များတွင်ပန့်အရေအတွက် နည်းပါးမှုကြောင့် စက်သုံးဆီ ရောင်း ချမှုပုံစံ ပြောင်းလဲလာခဲ့ပါတယ်။ စက်သုံးဆီဝယ်ယူခွင့် စာအုပ်ကို မြို့နယ် အလိုက် သတ်မှတ်ထားတဲ့ ဆိုင်များမှာ စာအုပ်အမှတ်စဉ်အလိုက် နံနက်ပိုင်းနှင့် ညနေပိုင်းခွဲခြားထားပြီး တစ်ခါထုတ် ယူလျှင် မော်တော်ဆိုင်ကယ်ကို တစ်ဂါလန်ဖြင့် တစ်ပတ်နှစ်ကြိမ် ရောင်းချပေးခဲ့ပါတယ်။ သတ်မှတ်ချိန် အတွင်း ဓာတ်ဆီမထုတ်ယူနိုင်ပါက ဝယ်ယူခွင့်ဆုံးရှုံးမှာဖြစ်လို့ ဓာတ်ဆီ ဝယ်ယူခွင့်စာအုပ် ငှားရမ်းမှုဈေးကွက် ဖြစ်ပေါ်လာခဲ့ပါတယ်။ ''စက်သုံးဆီ အရောင်းဆိုင်တွေမှာ မနက် ၆ နာရီကနေ့လယ် ၁၂ နာရီ ထိကို နံနက်ပိုင်းထုတ်ယူခွင့်ပြုထားပြီး နေ့လယ် ၁ နာရီကညနေ ၆ နာရီထိကို နေ့လယ်ပိုင်းထုတ်ယူခွင့် ပြုထားပေမဲ့ မနက်ပိုင်းထုတ်ရက်ဆို ၁၁နာရီနောက်ပိုင်းက မသေချာတော့ဘူး။ နေ့လယ် ထုတ်ယူခွင့်ရရင် ၄ နာရီနောက်ပိုင်း မသေချာဘူး။ ကျွန်မတို့က ရုံးဆင်းချိန် မှ ဆီသွားထုတ်တော့ မရတော့ဘူး။ ၆ နာရီမှ ဆီဆိုင်ပိတ်တယ်ပြောပေမယ့် ဆီကုန်လို့ဆိုပြီး ထုတ်မရတော့ဘူး။ နံပါတ်အလိုက် ဆီ ဆိုင်ကယ်အရေ အတွက် သတ်မှတ်ပြီး ရောင်းချပေးပေမယ့် အချိန်နောက်ကျရင် ဆီကုန် သွားပြီပြောတယ်''လို့ဓာတ်ဆီလာထုတ်သူ အမျိုးသမီးတစ်ဦးကပြောပါတယ်။ အချိန်နဲ့သွားလာသူများမှ ဓာတ်ဆီဝယ်ယူမှု အခက်အခဲဖြစ်ခြင်းကြောင့် ဓာတ်ဆီဝယ်ယူခွင့်စာအုပ် ငှားရမ်းမှု ဈေးကွက်ဖြစ်ပေါ်လာခဲ့ရာ စက်သုံးဆီ အရောင်းဆိုင်အနီး ဓာတ်ဆီထုတ်ယူ ရောင်းဝယ်နေသူများမှ ဓာတ်ဆီ တစ် ဂါလန်လျှင် အမြတ်ငွေ ၅ဝဝ ကျပ်ပေး ၍ လည်းကောင်း၊ အချို့ဆိုင်များအနီး တွင် အမြတ်ငွေ ၇ဝဝ ကျပ်ပေး၍ လည်းကောင်း စာအုပ်ငှားရမ်းမှုပြုလာကြောင်း သိရပါတယ်။ ဇူးဇူး
Background