Main menu

Background

မန်းမြို့ရဲ့ စက်ဘီးဈေးကွက်

Mon, 05/23/2011 - 07:43 -- Anonymous (not verified)

မန်းမြို့ရဲ့ စက်ဘီးဈေးကွက်                    မန်းမြို့တွင်ကျောင်းဖွင့်ကာလရာသီ ရောက်ရှိနေပြီဖြစ်တဲ့အတွက် အလယ် တန်းနဲ့ အထက်တန်းတက်မဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်း သွားကျောင်းပြန် အဆင်ပြေစေရန် စက်ဘီးများရောင်းဝယ်မှု အားကောင်းနေတာ တွေ့ရပါတယ်။ မန်းဈေးကွက်အတွင်း ယခုဖြစ်ပေါ်နေတဲ့ စက်ဘီးဈေးနှုန်းများ ကတော့ -၂၆ လက်မ ဖီးဆင့်တံဆိပ် (ပန်း၊ စပုတ်၊ ဘောင်တုတ်) ကို ၁၆ဝဝဝဝ ကျပ်-၁၅ဝဝဝဝ ကျပ်၊ မိကျောင်းတံဆိပ် (ပန်း၊ စပုတ်၊ ဘောင်တုတ်) ကို ၁၅ဝဝဝဝ ကျပ်၊ ၁၄၅ဝဝဝ ကျပ်၊ ၁၄ဝဝဝ ကျပ်၊ ရော်ဘင်ဟု (ပန်း၊ စပုတ်၊ ဘောင်တုတ်) ကို ၁၆ဝဝဝဝ ကျပ်၊ ၁၅၅ဝဝဝ ကျပ်၊ တရုတ်ဘီး ဆိတ်ငါးကောင် ၂၆ လက်မကို ၆ဝဝဝဝ ကျပ်၊ တရုတ်ဘီး ဆိတ်ငါးကောင် ၂၆ လက်မ (ဟတ်ဂွထောက်) ကို ၆၂ဝဝဝ ကျပ်၊ ကိုရီးယားဖော်အဲဗားတံဆိပ် (ရိုးရိုး) ကို ၇၅ဝဝဝ ကျပ်၊ ကိုရီးယား ဖော်အဲဗားတံဆိပ် (လက်ကိုင်ကောက်) ကို ၇၂ဝဝဝ ကျပ် ဈေးများနဲ့ ရောင်းဝယ် နေကြောင်း သိရပါတယ်။                     ယခုလောလောဆယ် မန်းဈေးကွက်မှာ တရုတ်ဆိတ်ငါးကောင်နဲ့ ကိုရီးယား စက်ဘီးများက ဈေးနှုန်းလည်းသင့် ပစ္စည်းအနေအထားကလည်း ပေါ့ပေါ့ပါးပါးနဲ့ ကလေးများနဲ့ ကိုက်နေတဲ့အတွက် ရောင်းဝယ်မှုအားကောင်းနေတာကို တွေ့ရပါတယ်။ တင်ဇာမျိုး