ကုန်ကြမ်းဈေးမြင့်၍ တာယာဈေးမြင့်မား ကုန်ကြမ်းဈေးနှုန်း မြင့်တက်မှုနဲ့ ဝယ်လိုအားတွေ တက်လာတာကြောင့် ထရက်တာနဲ့ လယ်ယာသုံးယာဉ်တွေရဲ့ တာယာဈေးနှုန်းတွေ မြင့်တက်လာကြောင်း သိရပါတယ်။ ကွန်တီနဲလ်တပ်လ် တာယာထုတ်လုပ်ရေးက နေထုတ်လုပ် တဲ့ ထုတ်ကုန်တွေအားလုံးရဲ့ ဈေးနှုန်းကို ယခုလကစပြီး ၁ဝ ရာခိုင်နှုန်း တိုးမြှင့်တော့ မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ မီချီလင်းကုမ္ပဏီကတော့ ဇူလိုင် ၁ ရက်နေ့ကစပြီး တာယာဈေးနှုန်းက ၆ ရာခိုင်နှုန်းတိုးမယ်လို့ ပြောကြားထား ကြောင်း သိရပါတယ်။ မီချီလင်းရဲ့ လယ်ယာထုတ်ကုန်ဌာနက ၂ဝ၁၁ခုနှစ်မှာ ထုတ်လုပ်မှုတိုးမြှင့်မယ်လို့ ပြောကြားခဲ့ပါတယ်။ လယ်ယာသုံးယာဉ်တွေရဲ့ တာယာက ဝယ်လိုအားတက်လာပြီး တစ်ပြိုင်နက်တည်းမှာပဲ ကုန်ကျစရိတ်နဲ့ ကုန်ကြမ်းတွေရဲ့ ရောင်းလိုအားက အကျပ်အတည်းတွေ့တာကြောင့် စက်မှုလုပ်ငန်းတွေက ဈေးတက်ရခြင်းဖြစ်ပါတယ်။ တောင်သူတွေကို အကြံပေးချင်တာကတော့ မိမိတို့ရဲ့စက်ပစ္စည်းများကို စစ်ဆေးထားဖို့နဲ့ ဈေးနှုန်းတက်ခြင်းကို ကာကွယ် နိုင်ဖို့ မိမိတို့ရဲ့တာယာများကို တတ်နိုင်သလောက် ထိန်းသိမ်းကြဖို့လိုကြောင်း စိုက်ပိုျးရေးအင်ဂျင်နီယာအသင်းရဲ့ စီးပွားရေးပညာရှင်က ပြောကြားပါတယ်။ ရော်ဘာဈေးနှုန်းက ဖေဖော်ဝါရီမှာ အမြင့်ဆုံးကိုရောက်ခဲ့ပြီး လာမယ့်လများ မှာလည်း ကမ္ဘာ့ဈေးကွက်မှာ ဈေးတက်ဖွယ်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားပါတယ်။ ထုတ်လုပ်သူအများစုဟာ ကြိုပွိုင့်ဈေးကွက်မှာ ဝယ်တာထက် ရောင်းသူတွေနဲ့ စာချုပ်ချုပ်ပြီး ဝယ်ယူမှုကို ပိုမိုဆောင်ရွက်နေခြင်းအားဖြင့် ရော်ဘာဈေးနှုန်းကို ပုံမှန်လေးသာ မြင့်တက်စေနိုင်မယ်လို့ ၎င်းက အကြံပေး ပါတယ်။Source ; Farmer guardian, K.Z.W
Background
