Main menu

Background

မန်းမြို့တွင်းအရောင်းအဝယ်ဖြစ်နေတဲ့ ဆောက်လုပ်ရေး ပစ္စည်းများ

Mon, 05/23/2011 - 08:00 -- Anonymous (not verified)

မန်းမြို့တွင်းအရောင်းအဝယ်ဖြစ်နေတဲ့ ဆောက်လုပ်ရေး ပစ္စည်းများ                   မိုးရာသီအစပျိုးပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်ကောင်းနေဆဲ ဖြစ်လို့ အုတ်၊ ထုံး၊ ကျောက်၊ သဲလုပ်ငန်း ရှင်များ အရောင်းအဝယ် ကောင်းနေကြောင်း သိရပါတယ်။ ဧရာဝတီ မြစ်သဲတစ်ကျင်း ကျပ် ၃ဝဝဝ နဲ့ ကား တစ်စီး ၄ ကျင်းပါ ကျပ် ၁၂ဝဝဝ နှုန်းဖြင့် မြို့တွင်းအရောက်ပို့ပေးကြောင်း သိရပါတယ်။                    ကျောက်ကြီး ၆-၉ လက်မ တစ်ကျင်း ကျပ် ၇ဝဝဝ ၊ ၈ဝဝဝ ကျပ်နှုန်း၊ ၂-၄ လက်မ တစ်ကျင်း ၈ဝဝဝ ကျပ်၊ ၉ဝဝဝ နှုန်းနှင့်စက်ခွဲ ၁-၂ လက်မ တစ်ကျင်း ၂၂ဝဝဝ ကျပ်နှုန်း၊ ချစ်ပင်ရှူး တစ်ကျင်း ကျပ် ၂၅ဝဝဝ၊ ၂၇ဝဝဝ နှုန်းများဖြင့် လတ်တလော အရောင်းအဝယ်ဖြစ်နေပြီး ၎င်းဈေးနှုန်းများသည် မြို့တွင်းအရောက်ပို့ ဈေးနှုန်းများဖြစ် ကြောင်းလည်း သိရပါတယ်။ ထုံးအိတ် တစ်အိတ် မြို့တွင်းအရောက် အိတ်ကြီး ကျပ် ၂၃ဝဝ - ၂၅ဝဝ ၊ အိတ်သေး ကျပ် ၂ဝဝဝ - ၂၁ဝဝ နှုန်း၊ အုတ်ဈေးမှာ မိုးရာသီဖြစ် တဲ့အတွက် ပထမတန်းစားအုတ် ယခင် ၆၈ ကျပ်-၇ဝ ကျပ်မှ မိုးရွာပြီးနောက် ပိုင်း ကျပ် ၉ဝ - ၁ဝဝ အထိ ဈေးရှိ ကြောင်းနဲ့ ဘိလပ်မြေတစ်အိတ် စက်ရုံဈေး AAA တစ်အိတ် ၅ဝဝဝ ကျပ်၊ မြန်မာဆင်တစ်အိတ် ကျပ် ၄၈ဝဝ ဖြစ်ပြီး အရောက်ပို့ AAA တစ်အိတ်ကို ကျပ် ၅၄ဝဝ၊ မြန်မာဆင် တစ်အိတ် ကျပ် ၅၂ဝဝ နှုန်း အသီးသီးအရောင်း အဝယ်ဖြစ်နေကြောင်း လုပ်ငန်းရှင် တစ်ဦးထံမှ သိရပါတယ်။    ခင်မြင့်မြင့်သန်း