မတ်ပဲစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၆၁၅ဝဝဝ ၆၂၇ဝဝဝ၂ မုံရွာ ၁ ပိဿာ ၉၁၅ ၉၂၅၃ ပြည် ၁ ပိဿာ ၉၆၅ ၉၇၅၄ ဟင်္သာတ ၁ ပိဿာ ၉၁၅ ၉၃၅၅ မန္တလေး ၁ ပိဿာ ၈၈၃ ၈၅ဝမတ်ပဲဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ် ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ(RC) ကို ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်ကြီးများက ဈေးပေးအဝယ်ရှိလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်တန်ကို အနိမ့်ဆုံး ၆၂၃ဝဝဝ ကျပ်မှ အမြင့်ဆုံး ၆၂၇ဝဝဝ ကျပ်အတွင်း တန် ၁၆ဝဝခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာတော့ မတ်ပဲ(ကုန်ကြမ်း)ကို ဒေသတွင်းပဲခွဲစက်သမားများသာ အဝယ်ခပ်ပါးပါးရှိခဲ့တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။မုံရွာဈေး ကွက်မှာ ပဲခွဲခြမ်းပြုလုပ်ရန် ဝယ်ယူသူများက တစ်ပိဿာ ၉၂၅ ကျပ်(တစ်တန်ကို ၅၆၆၄၆ဝ ကျပ်)နဲ့ အဝယ်အနည်း ငယ်ရှိခဲ့ ကြောင်း သိရပါတယ်။ ပြည်ေ် ဈးကွက်မှာတော့ မြို့တွင်းခွဲစက်သမားများနဲ့ ရန်ကုန်အဆွဲအထိုက်အလျောက်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ် မြင့်လာပြီး တစ်ပိဿာကို ၉၇၅ ကျပ်(တစ်တန်ကို ၅၉၇ဝ၈ဝ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၃ဝဝဝ ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ။် ဟင်္သၤာာတ ဈေးကွက်မှာ မတ်ပဲက ဈေးကွက်သို့ ဝင်ရောက်မှုပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် မြင့်လာတယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၉၃၅ ကျပ်(တစ်တန်ကို ၅၇၂၅၈၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background