Main menu

Background

ကုလားပဲ(ထိုင်ဝမ်) ကို ခွဲစက်သမားများ ဝယ်အားပုံမှန်ရှိနေ

Mon, 05/23/2011 - 09:47 -- Anonymous (not verified)

ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ      ယခင်       ယခု       ပြောင်းလဲမှု၁ မန္တလေး              ၁ ပိဿာ       ၇၆၄        ၇၆၄၂ မကွေး                ၁ ပိဿာ       ၇၉ဝ         ၈ဝဝ၃ ပခုက္ကူ                ၁ ပိဿာ       ၈ဝဝ        ၈ဝဝ၄ မုံရွာ                  ၁ ပိဿာ        ၈ဝဝ       ၈ဝဝ၅ အောင်လံ           ၁ ပိဿာ         ၇၈၅      ၈၁ဝ၆ မြင်းခြံ                ၁ ပိဿာ        ၈ဝဝ       ၈၁၅၇ ရေစကြို             ၁ ပိဿာ        ၇၉ဝ        ၇၉ဝကုလားပဲ(ထိုင်ဝမ်) ကို ခွဲစက်သမားများ ဝယ်အားပုံမှန်ရှိနေ                မန္တလေးဈေးကွက်မှာ ခွဲစက်သမားတွေက ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ ဆိုပါတယ်။မုံရွာ ဈေးကွက်မှာတော့ ကုလားပဲက တောင်သူတွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပြီး မြို့ခံပွဲရုံတွေက ထုတ်ရောင်းမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈ဝဝ ကျပ်(တစ်တန် ကို ၄၈၉၉၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၆ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ အောင်လံ ဈေးကွက်မှာ ဒေသတွင်းပဲခွဲစက်လုပ်ငန်းရှင်များက ပစ္စည်းဝယ်ယူ ဖြည့်တင်းတဲ့အနေနဲ့ တစ်ပိဿာကို ၈၁ဝကျပ်(တစ်တန်ကို ၄၉၆ဝ၃၅ ကျပ် နေ့စဉ် အိတ် ၁၀၀ ခန့်အဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ရေစကြို ဈေးကွက်မှာတော့ မန္တလေးဝယ်လက်နဲ့ မြို့ခံ ခွဲစက်သမားများက ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၉ဝ ကျပ် (တစ်တန်ကို ၄၈၃၇၈၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၁၅ဝ ကြား ဖြစ်ခဲ့ကြောင်း သိရပါတယ်။