ကုလားပဲဖြူလုံးကြီး စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ ပိဿာ ၁ဝ၅ဝ ၁ဝ၃ဝ ၂ မန္တလေး ၁ ပိဿာ ၉၇၈ ၉၇၈ ၃ မုံရွာ ၁ ပိဿာ ၉၇၄ ၉၆၃ ၄ ပခုက္ကူ ၁ ပိဿာ ၉၈၄ ၉၇၃ ၅ မြင်းခြံ ၁ ပိဿာ ၉၆ဝ ၉၆ဝ ၆ ရေစကြို ၁ ပိဿာ ၉၆ဝ ၉၆ဝ ကုလားပဲဖြူလုံးကြီး ဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်နေ မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်နဲ့ မြို့ခံခွဲစက်တွေက အဆွဲပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၇၈ ကျပ်(တစ်တန်ကို ၅၉၈၉၁၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝဝ ခန့်ရှိခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်အဆွဲပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်ဆင်းလာပြီး တစ်ပိဿာကို ၉၆၃ ကျပ်(တစ်တန်ကို ၅၈၉၇၃၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၁ဝဝဝ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ ကုလားပဲဖြူလုံးကြီးက အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၉၇၃ ကျပ်(တစ်တန်ကို ၅၉၅၈၅၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background