၂ဝ၁၁ ရာသီအတွင်း ကမ္ဘာ့ဆန်ထုတ်လုပ်မှု ၃ ရာခိုင်နှုန်းမြင့်တက်မယ်လို့ FAO က ခန့်မှန်း

၂ဝ၁၁ ရာသီအတွင်း ကမ္ဘာ့ဆန်ထုတ်လုပ်မှု ၃ ရာခိုင်နှုန်းမြင့်တက်မယ်လို့ FAO က ခန့်မှန်း                 ၂ဝ၁၁ ရာသီအတွင်း ကမ္ဘာ့ဆန်ထုတ်လုပ်မှုဟာ တန်ချိန် ၆၉၉ သန်းမှ ၃ ရာခိုင်နှုန်မြင့်တက်ပြီး တန်ချိန် ၇၂ဝ သန်း ထွက်ရှိမယ်လို့ FAO က ခန့်မှန်းထားပါတယ်။ အထွက်မြင့်တက်ဖို့ အဓိက အကြောင်းရင်းကတော့ ရာသီဥတုကောင်းမွန်ခြင်းနဲ့ လယ်သမားတွေကို အစိုးရထောက်ပံ့မှုပေးခြင်းတို့ကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကမ္ဘာ့လူဦးရေထက်ဝက်ရဲ့ အဓိက အစားအစာဖြစ်တဲ့ ဆန်ဈေးနှုန်းဟာ အခြားသီးနံှတွေနဲ့ယှဉ်ရင် မြင့်တက်မှု မရှိသလောက်ဘဲလို့ ဆိုပါတယ်။                ထိုင်းအဆင့် B ဆန်ဖြူဈေးဟာ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း ၆ ရာခိုင်နှုန်းသာမြင့်တက်ပြီး ချီကာကို ဂျုံဈေးနှုန်းက ၅၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ လာမယ့်လအနည်းငယ်အတွင်း လာနီညာသက်ရောက်မှု တဖြည်းဖြည်းအားပျော့လာဖွယ် ရှိတာကြောင့် ရာသီဥတုကောင်းမယ့် အခြေအနေရှိတယ်လို့ဆိုပါတယ်။ရာသီဥတုဖြစ်စဉ်အရ အာရှနိုင်ငံတွေမှာ သီးနံှအခြေ အနေ ကောင်းမွန်မယ်လို့ ခန့်မှန်းရပါတယ်။           ဥရောပ၊ သြစတြေးလျနဲ့ လက်တင်အမေရိကားတို့မှာလည်း ဆန်အထွက်မြင့်တက်ဖွယ်ရှိပြီး အာဖရိကမှာ ဆန်ထွက်ရှိမှုက အနည်းငယ်ပြောင်းလဲဖွယ်ရှိတယ်လို့ ၤဗဥ က ဆိုပါတယ်။ အမေရိကန် ဆန်ထုတ်လုပ်မှုအနေနဲ့ လယ်သမားများက အကျိုးအမြတ်ပိုရတဲ့ သီးနံှတွေပြောင်းလဲစိုက်ပျိုးလာမှုကြောင့် ၂ဝ၁၁ အတွင်း ဆန်အထွက် ၁၅ ရာခိုင်နှုန်းကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ အာရှနိုင်ငံများအနေနဲ့ တရုတ်နဲ့ အိန္ဒိယမှာ သိသိသာသာ မြင့်တက်ဖွယ်ရှိပြီး ပါကစ္စတန်ကလည်း ဆန်အထွက်ပြန်ကောင်းလာမယ့်အခြေအနေများအရ အာရှဆန် ထွက်ရှိမှုဟာ တန်ချိန် ၆၅၁ သန်းကို ၃ ရာခိုင်နှုန်း မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။           ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်အပါအဝင် နိုင်ငံများစွာက ဆန်အထွက် ပိုမိုမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း သီရိလင်္ကာမှာ ရေလွှမ်းမိုးမှုဆက်တိုက်ဖြစ်နေခြင်းနဲ့ ဂျပန်နိုင်ငံမှာ မတ်လ ၁၁ ရက်က ငလျင်နဲ့ ဆူနာမီ ဖြစ်ပြီး နျူကလီးယားပြဿနာများကြောင့် သီးနံှများပျက်စီးမှုဖြစ်ပေါ်တယ်လို့ FAO က ဆိုပါတယ်။ လမင်း၊Source: nnscommodityonline