အိန္ဒိယတွင် ဆန်နှင့် ဂံျုသိုလှောင်ထားမှုပမာဏ ပြည်တွင်းလိုအပ်ချက်ထက်များစွာပိုမို
အိန္ဒိယတွင် ဆန်နှင့် ဂံျုသိုလှောင်ထားမှုပမာဏ ပြည်တွင်းလိုအပ်ချက်ထက်များစွာပိုမို ကမ္ဘာ့ဆန်နဲ့ ဂံျုဈေးကွက်အတွင်းမှ အိန္ဒိယထွက်သွားခြင်းက ပါကစ္စတန်ရဲ့ ဆန်တင်ပို့မှုတိုးတက်ရေးကို အထောက် အကူပေးသလိုဖြစ်စေတယ်လို့ သိရပါတယ်။ အိန္ဒိယက ပြည်တွင်းစားနပ်ရိက္ခာလုံခြုံစိတ်ချရဖို့အတွက် ဂံျုနဲ့ ဆန်တင်ပို့မှုကို ပိတ်ပင်ထားခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ အိန္ဒိယပြည်တွင်းမှာ ဂံျုနဲ့ ဆန်သိုလှောင်ထားမှု ပမာဏများစွာ ပိုလံျှနေ သော်လည်း ပြည်ပကို တင်ပို့ဖို့ ပြန်လည်ခွင့်မပြုသေးကြောင်း၊ နိုင်ငံတကာမှာ ဆန်နဲ့ ဂံျု ဈေးမြင့်မားနေချိန်တွင် အခွင့်ကောင်းယူပြီး ပြည်ပကို ပြန်လည်တင်ပို့ခွင့်ပြုသင့်ကြောင်း ဗီယက်နမ်အခြေစိုက် Global Grains Trading Company ကသုံးသပ်ထားပါတယ်။ ဧပြီလ ၁ ရက်နေ့စာရင်းအရ အိန္ဒိယမှာ ဆန်တန်ချိန် ၂၉ သန်းနီးပါးနဲ့ ဂံျုတန်ချိန် ၁၅ ဒသမ ၄ သန်းရှိ ကြောင်း၊ ပြည်တွင်းလိုအပ်ချက်မှာ ဆန်တန်ချိန် ၁၄ ဒသမ ၂ သန်း ဖြစ်ပြီး ဂံျုတန်ချိန် ၇ သန်းသာဖြစ်ကြောင်း၊ ဒါကြောင့် လက်ရှိ သိုလှောင်ထားမှုမှာ လိုအပ်ချက်များစွာ သာလွန်နေရာ ပြည်ပတင်ပို့မှုကို ပိတ်ပင်ထားခြင်းအစား တင်ပို့ခွင့်ပြုမဲ့ တန်ချိန် တစ်ခုခု သတ်မှတ်တင်ပို့သင့်တယ်လို့ ကုန်သည်တွေ က သုံးသပ်ဝေဖန်ကြပါတယ်။ ပပ၊Source:Online.wsj.com
