အိန္ဒိယပေါင်းဆန်ထက် ဈေးပိုရလာသော ပါကစ္စတန်ပေါင်းဆန်

အိန္ဒိယပေါင်းဆန်ထက် ဈေးပိုရလာသော ပါကစ္စတန်ပေါင်းဆန်                အိန္ဒိယမှ ဆန်နဲ့ ဂံျုတင်ပို့မှုကို ပိတ်ပင်ထားရာ အာဖရိကမှ ဆန်ဝယ်ယူသူတွေက ပါကစ္စတန်နဲ့ ထိုင်းဈေးကွက်ကို ပြောင်းရွှေ့ဝယ်ယူခဲ့ကြတယ်။ ဒါကြောင့် ယခင်နှစ်က ရေကြီးရေလံျှမှုဒဏ်ကို ဆိုးဝါးစွာခံစားခဲ့ရသော်လည်း ၂ဝ၁ဝ ခုနှစ် ဇူလိုင်လမှ ၂ဝ၁၁ ခုနှစ် မတ်လအတွင်း ဘာစမာတီ မဟုတ်တဲ့ ဆန်တန်ချိန် ၂ သန်းနီးပါးတင်ပို့ခဲ့ရပါတယ်။ ၎င်းအပြင် ပါကစ္စတန်က ပေါင်းဆန်တင်ပို့ရာတွင်လည်း အိန္ဒိယထက် ဈေးပိုရခဲ့တယ်။ အိန္ဒိယပေါင်းဆန် (FOB) တစ်တန်ကို ကန်ဒေါ်လာ ၄ဝဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့ရသော်လည်း ပါကစ္စတန်ပေါင်းဆန်အတွက် နောက်ဆုံးအကြိမ် ကမ်းလှမ်းခံရတဲ့ ဈေးနှုန်းမှာ FOB တစ်တန်ကို ၄၇ဝ ဒေါ်လာဖြစ်ကြောင်း၊ ထိုင်းပေါင်းဆန် FOB တစ်တန် မှာ ၅ဝဝ ဒေါ်လာ ဖြစ်ကြောင်း သိရပါတယ်။ ပပ၊Source:Online.wsj.com