စားနပ်ရိက္ခာဖူလုံရေးကို ခြိမ်းခြောက်လာပါက ကောက်ပဲသီးနံှတင်ပို့ခွင့် ပိုပိတ်ပင်သွားမည့် ယူကရိန်း ယူကရိန်းမှာ တကယ်လို့ စားနပ်ရိက္ခာဖူလုံရေးအတွက် ခြိမ်းခြောက်မှုတွေရှိလာပါကကောက်ပဲသီးနံှကုန်သည်တွေကို ပို့ကုန်တားမြစ်ချက်ပြုလုပ်သွားဖို့ နှစ်လကြိုတင်ပြီး သတိပေးမှာဖြစ်ကြောင်း လယ်ယာစိုက်ပျိူးရေးဝန်ကြီး ပြုသူ Mykola Prysyazhnyu မှပြောကြားလိုက်ပါတယ်။ ကောက်ပဲသီးနံှဈေးကွက်က လွတ်လွတ်လပ်လပ်ရှိသင့်ကြောင်း ဧပြီလ ၂၉ ရက်နေ့မှာပြုလုပ်တဲ့ ကမ္ဘာ့ဘဏ်မှ ယူကရိန်းကိုယ်စားလှယ်များ၊ ပြန်လည်တည်ဆောက်ရေးအတွက် ဥရောပဘဏ်နဲ့ ယူကရိန်း အမေရိကအသင်း အစည်း အဝေးမှာ ပြုသူ Mykola Prysyazhnyu မှပြောကြားလိုက်ပါတယ်။ ယူကရိန်းနဲ့ ရုရှမှ ကောက်ပဲသီးနံှ တင်ပို့ခွင့်ကို ပိတ်ပင်ခဲ့ပြီးနောက် ၂ဝ၁ဝ အောက်တိုဘာလမှာ မုယော စပါး တင်ပို့မှုအပေါ်မှာ ကိုတာကန့်သတ်ခဲ့တယ်။ ရုရှရော ယူကရိန်းနှစ်နိုင်ငံစလုံးမှာ မိုးခေါင်မှုကြောင့် ကောက်ပဲ သီးနံှထွက်ရှိမှု ကျဆင်းခဲ့တာကြောင့်ဖြစ်တယ်။ ပြည်တွင်းဈေးနှုန်းတွေ မြင့်တက်လာခြင်းကို ထိန်းသိမ်းဖို့အတွက် တင်ပို့မှုကန့်သတ်ခြင်းကို ပြုလုပ်ဖို့ လိုအပ်ကြောင်း ယူကရိန်းအာဏာပိုင်များမှ ပြောကြားလိုက်ပါတယ်။ ယူကရိန်းအစိုးရက ယခုတစ်ပတ်မှာ ပြောင်း တင်ပို့မှုကန့်သတ်ချက်ကို ပြန်လည်ဖယ်ရှားပေးလိုက်ကြောင်း သတင်းရရှိပါတယ်။ Source:bloomberg.com, အေးမွန်မွန်လှိုင်
Background