Main menu

Background

အိန္ဒိယ STC အေဂျင်စီမှ လက်တင်အမေရိကားမှာ ပဲမျိုးစုံကို ကန်ထရိုက် လယ်ယာစနစ်နဲ့ စိုက်ပျိုးမှု စတင်တော့မယ

Thu, 05/26/2011 - 05:02 -- Anonymous (not verified)

အိန္ဒိယ STC  အေဂျင်စီမှ လက်တင်အမေရိကားမှာ ပဲမျိုးစုံကို ကန်ထရိုက် လယ်ယာစနစ်နဲ့ စိုက်ပျိုးမှု စတင်တော့မယ                 အိန္ဒိယနိုင်ငံဟာ ကြီးထွားနေတဲ့ ပြည်တွင်းပဲလိုအပ်ချက် နဲ့ ရောင်းချနိုင်မှုအကြား ကွာဟချက်ကိုဖြည့်ဆည်းဖို့ အလားတူ အခြားနိုင်ငံများက ပဲတင်သွင်းရမှုကို လျှော့ချဖို့အတွက် ဧပြီလ ၁ ရက်မှာ စတင်တဲ့ လက်ရှိဘဏ္ဍာနှစ်မှာ ပြည်ပပဲမျိုးစုံ ကန်ထရိုက်လယ်ယာစနစ်စိုက်ပျိုးမှု စတင်ဖို့ နိုင်ငံပိုင် STC  အေဂျင်စီမှ အဖွဲ့ဝင်ကုမ္ပဏီ ၇ ခုကို ဦးဆောင်သွားမယ်လို့ ဥက္ကဌN K Mathur က ပြောကြားပါတယ်။                   STCဦးဆောင်တဲ့ အဲဒီအုပ်စု ဆောင်ရွက်မယ့် ကန်ထရိုက်လယ်ယာပရိုဂျက်ဟာလက်တင်အမေရိကား တစ် နိုင်ငံမှာ စတင်မှာဖြစ်ပြီး စိုက်ပျိုးမြေများကို စမ်းသပ်ပြီး သွားပြီ လို့ ၎င်းက ဆိုပါတယ်။ အဲဒီအုပ်စုကို နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီများနဲ့ ဖွဲ့စည်းထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ဂံျုနဲ့ဆန်စတဲ့အဓိကသီးနံှများလို စားနပ် ရိက္ခာလိုအပ်မှု အများစုကို ပြည်တွင်းဖူလုံမှုရှိပေမဲ့ နိုင်ငံရဲ့ အဓိကပရိုတိန်းအစာဖြစ်တဲ့ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှအချို့ကို တော့ တင်သွင်းဖို့ လိုအပ်လျက်ရှိပါတယ်။ လူဦးရေကြီးထွားခြင်းနဲ့အတူ စိုက်ဧရိယာတိုးတက်မှုမရှိခြင်းတို့ကြောင့် လာမယ့် နှစ်များမှာ စားနပ်ရိက္ခာတင်သွင်းဖို့ လိုအပ်ချက်တိုးတက်လာ လိမ့်မယ်လို့ ကျွမ်းကျင်ပညာရှင်အချို့က ဆိုပါတယ်။ ပြည်ပနိုင်ငံများမှ ကန်ထရိုက်လယ်ယာပရိုဂျက် အောင်မြင်မယ်ဆိုရင် အခြားစီးပွားရေးပရိုဂျက်များအတွက် အဓိက ကျတဲ့ နမူနာစံပြဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်တင်အမေရိကားအနေနဲ့ ပဲမျိုးစုံ များများစားစား စိုက်ပိုျးခြင်း မရှိလို့ ထုတ်လုပ်မှု အောင်မြင်နိုင်ခြေရှိမရှိကိုတော့ စမ်းသပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။                လက်ရှိအချိန်ထိ ပဲမျိုးစုံတင်သွင်းဖို့ မြန်မာနိုင်ငံကို အဓိက မှီခိုနေရတာဖြစ်လို့ ဈေးနှုန်းအပြောင်းအလဲ များ လျက် ရှိနေပါတယ်။ STC  အနေနဲ့ ပရိုဂျက်အုပ်စုမှ ထွက်ရှိမှု အားလုံးကို ဈေးကွက်ရှာဖွေသွားမယ်လို့ Mathur  က ဆိုပါ တယ်။ အိန္ဒိယရဲ့ ပဲမျိုးစုံလိုအပ်ချက်နဲ့ ရောင်းချမှုအကြား ကွာဟချက်ဟာ ယခုနှစ်မှာ တန်ချိန် ၃ သန်းခန့်ရှိရာမှ နောက် ၁ နှစ် ၊ ၂ နှစ်အတွင်း တန်ချိန် ၄ သန်းအထိ မြင့်တက်ဖွယ်ရှိပါတယ်။ ယခင်နှစ်က မုတ်သုံမိုးကောင်းခြင်းနဲ့ အစိုးရအေဂျင်စီ များက လယ်သမားများကို အနိမ့်ဆုံးဈေးနှုန်းမြှင့်တင်ပေးခဲ့တဲ့ အတွက် ပဲထုတ်လုပ်မှု တန်ချိန် ၁၇ ဒသမ ၂၉ သန်းအထိ မြင့်တက်မယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနဟာ တောင်သူများ ပဲမျိုးစုံ တိုးမြှင့်စိုက်ဖို့ အားပေးတဲ့အနေနဲ့ ၂ဝ၁၁-၁၂ အတွင်း အဓိက ပဲ ၃ မျိုးရဲ့ ဝယ်ယူဈေးများကို တိုးမြှင့်ဖို့တင်ပြထားကြောင်း သိရပါတယ်။ ယမင်းးရွှေစင်၊Source:commodityinsights.com