Main menu

Background

၂ဝ၁၁ ခုနှစ် ဒုတိယနှစ်ဝက်တွင် အာရှရေနံစိမ်းဝယ်လိုအား နည်းသွားမည်ဟု JP Morgan ခန့်မှန်းပြောကြား

Thu, 05/26/2011 - 05:15 -- Anonymous (not verified)

 ၂ဝ၁၁ ခုနှစ် ဒုတိယနှစ်ဝက်တွင် အာရှရေနံစိမ်းဝယ်လိုအား နည်းသွားမည်ဟု JP Morgan  ခန့်မှန်းပြောကြား                အယ်လ်ကေဒါခေါင်းဆောင် အိုစမာဘင်လာဒင်ကို အဆုံးစီရင်လိုက်နိုင်ကြောင်း သမ္မတအိုဘားမားက ကြေညာအပြီး နယူးယောက်မှ ရေနံစိမ်းဈေးနှုန်းတွေ က နှစ်ပတ်အတွင်း အများဆုံးပမာဏအဖြစ် ကျဆင်းသွားပါတယ်။ ၎င်းသတင်းက အရှေ့အလယ်ပိုင်း ရေနံရောင်းလိုအား ပြတ်တောက်လာမယ်ဆိုတဲ့ စိုးရိမ်မှုကို သက်သာစေမယ်လို့ ခန့်မှန်းကြရာ ရေနံစိမ်းကျဆင်းကြောင်း သိရပါတယ်။ အယ်လ်ကေဒါနဲ့ ဘင်လာဒင်က အမေရိကန်နဲ့ ဥရောပရဲ့ စီးပွားရေးတွေပျက်စီးစေဖို့ ရေနံထုတ်လုပ်ဖြန့်ဖြူးတဲ့ အဆောက်အအုံတွေကို ပျက်စီးအောင် အမြဲတွန်းအားပေး လျက်ရှိပါတယ်။ ဒါ့အပြင် ဘင်ဘာဒင်သေဆုံးတဲ့သတင်းမတိုင်မီကလည်း ရေနံစိမ်း ဈေးနှုန်း ကျဆင်းခဲ့ပါတယ်။                  တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အသင့်အတင့်သာရှိနိုင်ပြီး လောင်စာသုံးစွဲမှု ကျဆင်းသွားမယ် မျှော်လင့်ရာ ရေနံစိမ်းဈေးနှုန်း ကျဆင်းသွား ကြောင်း သိရပါတယ်။                  ဇွန်လအရောက်ပို့ရမယ့် ရေနံစိမ်းက တစ်စည်ကို ၁ ဒသမ ၇၂ ဒေါ်လာ ကျဆင်းကာ ၁၁၂ သမ ၂၁ ဒေါ်လာနဲ့ နယူးယောက်ကုန်စည်ရောင်းဝယ်ရေးမှာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဇွန်လငွေချေရမယ့် ဘရန့် အမျိုးအစားရေနံစိမ်းမှာ တစ်စည်ကို ၁ ဒသမ ၁၇ ဒေါ်လာကျဆင်းကာ ၁၂၄ ဒသမ ၇၂ ဒေါ်လာနဲ့ လန်ဒန်  ICE Futures Europe Exchange  မှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လောင်စာဈေးမြင့်မားမှုက သုံးစွဲသူတွေကို ထိခိုက်စေပြီး အာရှ ရေနံဝယ်လိုအားကလည်း ယခုနှစ် ဒုတိယ ခြောက်လအတွင်း နှေးကွေးသွားမှာ ဖြစ်ကြောင်း  JP Morgan Chase & Co.,  ကခန့်မှန်းထားပါတယ်။ ှSource:Bloomberg.com, ပပ