Main menu

Background

ပြည်တွင်းနို့ဆီ လက်လီဈေးများ

Thu, 05/26/2011 - 06:06 -- Anonymous (not verified)

ယခင်သီတင်းပတ်ထက် လေးဆကျော်ပိုခဲ့                  ဒီသီတင်းပတ် နို့ဆီ၊ နို့စိမ်း တင်သွင်းမှုမှာ တန်ချိန် ၅၆၉ ဒသမ ၁၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅၆ဝဝဝ ကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ မှာယူတင်သွင်းခဲ့ပါတယ်။ စင်ကာပူနိုင်ငံမှ မှာယူတင်သွင်းခဲ့တာဖြစ်ပြီး ဒွန်းတံဆိပ် ၂၂၄ ဒသမ ၆၄ တန်၊ မာရီဂိုး တံဆိပ် ၁၁၂ ဒသမ ၃၂ တန်နဲ့ အိုကေတံဆိပ် ၂၃၂ ဒသမ ၂ဝ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီ၊ နို့စိမ်းမှာယူတင်သွင်းမှုမှာ တန်ချိန် ၁ဝဝ ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ လေးဆကျော်လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ ဧပြီလ အတွင်း နို့ဆီ၊ နို့စိမ်းအဝင်မှာ တန်ချိန် ၁၅ဝဝ ကျော်ရှိခဲ့တဲ့အတွက် မတ်လရဲ့ အဝင်စုစုပေါင်းတန်ချိန်ကို မှီခဲ့ပါတယ်။ နို့မှုန့်အဝင်က သြစတြေးလျနိုင်ငံမှ ၃၄ တန်နဲ့ မလေးရှားနိုင်ငံမှ ၈ ဒသမ ၆၁ တန်၊ စုစုပေါင်း ၄၂ ဒသမ ၆၁ ဝင်ခဲ့ပါတယ်။ ယခင်သီတင်းပတ် ၅၇ တန်ကျော်ဝင်ခဲ့တာကြောင့် ဒီတစ်ပတ် အဝင်လျော့ခဲ့ပါတယ်။ ဧပြီလအတွင်း နို့မှုန့်အဝင်မှာ တန်ချိန် ငါးရာကျော်ရှိခဲ့ပြီး မတ်လအတွင်း တန်ချိန်နှစ်ရာကျော် ရှိခဲ့တာကြောင့် ဧပြီလမှာ တစ်ဆကျော် လောက် အဝင်ပိုခဲ့ပါတယ်။ MIRT(DOT) နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် တင်သွင်းမှုပိုမို                 ဧပြီ ၂၇ ရက်မှ မေ ၃ ရက်အတွင်း ကော့သောင်း နယ်စပ်စခန်းမှ နို့ဆီ ၂၆၈ဝဝဒါဇင်(၆၇ဝဝ သေတ္တာ) တန်ဖိုး၊ ကန်ဒေါ်လာ ဝ ဒသမ ၁၁၂ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ဒါ့အပြင် မူဆယ် နယ်စပ်မှ နို့မှုန့် ကန်ဒေါ်လာ ဝ ဒသမ ၂၉၅ သန်း တန်ဖိုးရှိ နို့မှုန့် ၇၂ တန် တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က နို့ဆီ၊ နို့စိမ်းတင်သွင်းမှု မရှိဘဲ နို့မှုန့် တန် ၃ဝ ကျော်သာ တင်သွင်းခဲ့ တာကြောင့် ယခုတစ်ပတ်မှာ တင်သွင်း မှုပိုမိုခဲ့ပါတယ်။ MIRT(DOBT)  ပြည်တွင်းနို့ဆီ လက်လီဈေးများ                 နို့ဆီအမျိူးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်လက်လီဈေး             ကျပ်/တစ်ဘူး                           ရန်ကုန် မန္တလေးဒွန်း( နို့ဆီ )              ၈ဝဝ    ၇၉၅ဒွန်း( နို့စိမ်း)             ၇၅ဝ     ၇၆၅Falcon နို့ဆီ              ၆၅ဝ    ၆၆၅Happy Cow(အနီ)    ၆ဝဝ     ၆၁၅Happy Cow (အပြာ) ၆၈ဝ     ၆၉၅အိုကေနို့ဆီ               ၇၂ဝ    ၇၃၅MIRT (DOT)