Main menu

Background

ပင်လယ်ရေကြောင်း အပို့လျော့

Thu, 05/26/2011 - 06:12 -- Anonymous (not verified)

ပင်လယ်ရေကြောင်း အပို့လျော့           ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှု အပတ်စဉ်တန် ၃ဝဝ- ၄ဝဝ ဝန်းကျင်နဲ့ ပုံမှန်တင်ပို့ခဲ့ရာ မှ ယခုသီတင်းပတ် (ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်) အတွင်းမှာတော့ တန် ၁ဝဝ သာ ကိုရီးယားကို တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ပြည်တွင်းမှာ နှမ်းဟောင်းလက်ကျန်နည်းလာပြီဖြစ်သလို ပြည်ပဈေးနဲ့ ထွက်ချေကိုက်မှုနည်းလို့ တင်ပို့မှုကျဆင်းခြင်းဖြစ်တယ်လို့ နှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ ၂ဝ၁၁ ဧပြီလ တင်ပို့မှုအနေနဲ့ တန်ချိန် ၁၃ဝဝ ရှိပြီး မတ်လမှာ တန်ချိန် ၂ဝဝဝ ခန့် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလအတွင်းမှာတော့ တန်ချိန် ၈ဝဝ ခန့်သာ ရှိခဲ့လို့ ယခုနှစ် ကာလတူတင်ပို့မှု အနည်းငယ်ပိုလာတာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ မေလ ၆ ရက်နေ့မှာ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ နှမ်းနက်တစ်တန် ကန်ဒေါ်လာ ၁၅၁၅-၁၅၆၅ နဲ့ နှမ်းဖြူတစ်တန်ကန်ဒေါ်လာ ၁၃၆ဝ-၁၄ဝဝ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT- MAPT