အောင်လံနှမ်းဈေးအေးတာကြောင့် လှောင်လက်တို့ဈေးစောင့် နှမ်းဈေးကွက်အေးခဲ့တာ ၃ လလောက်ရှိခဲ့ပါပြီ။ မေလပထမပတ် အတွင်းကြည့်မယ်ဆိုရင် သိပ္ပံနှမ်းနက် တစ်ပိဿာ ၂၄၄၅ ကျပ်၊ ရိုးရိုးနှမ်းနက် တစ်ပိဿာ ၁၈၂၃ ကျပ်၊ နှမ်းနီတစ်ပိဿာ ၁၈၂၃ ကျပ်နဲ့ ဒီဈေးတွေဟာလည်း အနိမ့်အမြင့်သိပ်မကွာဘဲ ရပ်တည်ခဲ့တာပါ။ အရောင်းအဝယ်ဖြစ်မှုကလည်း တစ်နေ့ကို တင်း ၁ဝဝ ဝန်းကျင်လို့ပြော လို့ရသလို နှမ်းဖြူကတော့ အောင်လံဈေးကွက်အတွင်းမှာ ၂ လကျော်လောက် ဈေးနှုန်းဈေးဖွင့်တာမတွေ့ရတော့ ပါဘူး။ မြို့ပေါ်လှောင်လက်နဲ့ ကုန်သည်လက်ကျန်သာ အဓိကအားပြုအရောင်း အဝယ် ဖြစ်နေရာကနေ ကုမ္ပဏီ ဝယ်လက်တွေအားလျော့လာတာနဲ့အမျှ ဈေးအေးလာခဲ့တာပါ။ လှောင်လက်လက်ကျန်သာ အဓိကဖြစ်နေတဲ့ အတွက်လည်း ဈေးအေးတဲ့ တစ်လျောက်မှာတော့ နှမ်းမျိုးစုံတန် ၁၅ဝဝ ဆိုတဲ့လက်ကျန်ဟာ အရောင်းဘက် ဈေးစောင့် တောင့်ခံနေမှာဖြစ်တဲ့အတွက် ဈေးအေးတာနဲ့အမျှ လက်ကျန်ကုန်ပစ္စည်း ဈေးကွက်အတွင်း ထွက်လာနိုင်မှာမဟုတ်သေးကြောင်းလည်း ကုန်စည်ဒိုင်တာဝန် ရှိသူများက သုံးသပ်ကြပါတယ်။ ကျော်မျိုးမင်း
Background