Main menu

Background

ဆီစက်သမားများနဲ့ ပဲလှော်သမားများ အဝယ်ရှိ၍ ဈေးအနည်းငယ်မြင့်လာတဲ့ ပြည်မြေပဲဆံ

Thu, 05/26/2011 - 08:36 -- Anonymous (not verified)

ဆီစက်သမားများနဲ့ ပဲလှော်သမားများ အဝယ်ရှိ၍ ဈေးအနည်းငယ်မြင့်လာတဲ့ ပြည်မြေပဲဆံ              ပြည်ဈေးကွက်တွင် မြေပဲဆံဈေးမှာ အနည်းငယ်တက်လာတာ တွေ့ရပါတယ်။ အဝင်မှာလည်း မင်းတုံးနဲ့ ကံမဘက်မှ တစ်နေ့ကို အိတ် ၁ဝဝဝ ခန့် ပုံမှန်အဝင်ရှိနေတာတွေ့ရပါတယ်။ ဆီဆံကိုဆီစက်သမားများမှလည်း ဆီကြိတ်ရန် အဝယ်ရှိနေခြင်း၊ လုံးဆံကို ပဲလှော်သမားများမှ အဝယ်ရှိနေခြင်းတို့ကြောင့် မြေပဲဆံဈေးမှာ ဈေးအနည်းငယ် မြင့်လာတာတွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆံ တစ်ပိဿာ ကို ၁၇၅ဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို ၁၉၅ဝ ကျပ်ဈေးဖြင့် အနည်းငယ် တက်လာတာတွေ့ရပါတယ်။ မြေပဲဆီတစ်ပိဿာကို ၄ဝဝဝ ကျပ်ဈေးဖြင့် ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း