Main menu

Background

တရုတ်နိုင်ငံပဲပုပ်အကျဈေးနဲ့ ဆက်လက်ရှိနေ

Thu, 05/26/2011 - 08:39 -- Anonymous (not verified)

တရုတ်နိုင်ငံပဲပုပ်အကျဈေးနဲ့ ဆက်လက်ရှိနေ                တရုတ်နိုင်ငံမှာ ပဲပုပ်တင်သွင်းမှု မြင့်တက်မယ့် အလားအလာအရ ပြည်တွင်းပဲပုပ်ဈေးနှုန်းအကျဈေးနဲ့ ဆက်လက်ရှိနေကြောင်း သိရပါတယ်။ အစိုးရက ပြည်တွင်းဈေးနှုန်းထိန်းချုပ်ဖို့ ရည်ရွယ်ပြီး သိုလှောင်ထားတဲ့ ပဲပုပ်ကို လေလံတင်ရောင်းချခြင်းဖြင့် လတ်တလော ဈေးနှုန်းကို ကျဆင်းစေပါတယ်။ ဒါ့အပြင် ယခုတစ်ပတ်အတွင်း ပဲပုပ် အရန်တန်ချိန် ၃ သိန်းကို နိုင်ငံတော် သီးနံှနှင့် ဆီသတင်းအချက်အလက် ဌာနက ရောင်းချမယ်လို့ သိရပါတယ်။ တင်သွင်းဈေးနှုန်း ကျဆင်းခြင်းက ပိုမိုတင်သွင်းဖို့ ဖြစ်စေခဲ့တာကြောင့် တရုတ်စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ယခင် သီတင်းပတ် အစီရင်ခံချက်အရ ဧပြီလ ပဲပုပ်တင်သွင်းမှုဟာ တန်ချိန် ၄ ဒသမ ၃၅ သန်းကို ယခင်နှစ် ကာလ တူထက် ၃ ဒသမ ၈ ရာခိုင်နှုန်းမြင့် တက်ဖွယ်ရှိပြီး မတ်လတင်သွင်းမှုထက် ၂၄ ရာခိုင်နှုန်းနီးပါး တိုးတက်ခဲ့တယ်လို့ သိရပါတယ်။                   မေလအတွင်းမှာတော့ တန်ချိန် ၄ ဒသမ ၄ သန်းကို မြင့်တက် တင်သွင်း ရဖွယ်ရှိပြီး တင်သွင်းဈေးက ပြည်တွင်း ဈေးထက် ယွမ် ၂၅ဝ နီးပါး (ကန်ဒေါ်လာ၃၈ ဒသမ ၄၈) နိမ့်နေကြောင်း သိရပါတယ်။ ဒေလီယံ ကုန်စည်ဒိုင်မှာ ပဲပုပ်ကြိုပွိုင့်ဈေးက အနည်းငယ်ကျဆင်းပြီး ဇန်နဝါရီလ စာချုပ်ဈေးက ၁ ယွမ်ကျဆင်းပြီး တစ်တန်ကို ယွမ် ၄၄၇၄ (ကန်ဒေါ်လာ ၆၈၉) ဖြစ်တယ် လို့ သိရပါတယ်။ ယမင်းခင် Source: nnscommodityonline