သြင်္ကန်အပြီး ဈေးလှုပ်လာတဲ့စစ်ကိုင်းကုလားပဲဖြူလုံးကြီး V2 ၂ဝ၁၁ ခုနှစ် မေလ ပထမပတ်အတွင်း မုံရွာကုန်စည်ဒိုင်ရဲ့ အရောင်းအဝယ်အကောင်းဆုံး သီးနံှမှာ ကုလားပဲဖြူလုံးကြီး V2 ဖြစ်ပါတယ်။ ရန်ကုန်အိတ်စပို့ဝယ်လက်ရှိလို့ အရောင်းအဝယ်သွက်ပြီး မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ V2 တင်း ၁၅ဝဝ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ ကုလားပဲဖြူလုံးကြီး V2 တစ်ပိဿာ အနိမ့်၊ အမြင့်ဈေးမှာ သြင်္ကန်မတိုင်မီ ၉၁၁ ကျပ်- ၉၈၉ ကျပ်မှ သြင်္ကန်အပြီး မေ ၃ ရက်ထိ ၉၇၄ ကျပ်-၁ဝဝ၅ ကျပ်သို့ ဈေးအနည်းငယ် လှုပ် လာကြောင်း သိရပါတယ်။ ယခုလ ပထမပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မန္တလေးသို့ V2 တင်း ၁၅ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။
Background