Main menu

Background

ဖရဲတင်ပို့မှုကျ သရက်တင်ပို့မှု အားကောင်း

Thu, 05/26/2011 - 08:59 -- Anonymous (not verified)

ဖရဲတင်ပို့မှုကျ သရက်တင်ပို့မှု အားကောင်း               ဧပြီလ ၂၇ ၇က်မှ မေလ ၃ ရက် ထိကာလအတွင်း မူဆယ်ကုန်သွယ်ရေး ဇုန်ကနေ ဖရဲသီး ၅၈၃၅ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၉ဝ၁ သန်းနဲ့ သရက်သီးတန် ၂၄ဝဝ ကျော် ကန်ဒေါ်လာ ၁ ဒသမ ဝ၈၄ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ဖရဲသီးတန် ၁ သောင်းကျော်နဲ့ သရက်သီးတန် ၁ဝဝဝ ကျော်တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ ဖရဲတင်ပို့မှုကျ ဆင်းပြီး သရက်အားကောင်းတာ တွေ့ ရပါတယ်။ဒါ့အပြင် မောင်တောနယ်စပ် ကနေ တဘက်ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို သရက်သီး ၅ တန်၊ တန်ဖိုး ဝ ဒဿမ ဝဝ၁ သန်းဖိုး တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဖရဲသီးရဲ့ပေါက်ဈေးကတော့ တစ်တန် ကျပ် ၂ဝ၁ဝဝဝ နဲ့ ၃၃၅ဝဝဝ ကြား၊ တဘက်နိုင်ငံ ဈေးကတော့ ၂၁၅ ဒေါ်လာနဲ့ ၃၈၃ ဒေါ်လာကြားဈေးရလျက်ရှိတာ တွေ့ရပါတယ်။  MIRT (DOBT )