Main menu

Background

ပြည်ပမှ ကြက်ဥ တင်သွင်းရမည်ဟု ထိုင်းစီးပွား/ကူးသန်းဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ

Thu, 05/26/2011 - 09:09 -- Anonymous (not verified)

ပြည်ပမှ ကြက်ဥ တင်သွင်းရမည်ဟု ထိုင်းစီးပွား/ကူးသန်းဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ                 ထိုင်းစီးပွား/ကူးသန်းဝန်ကြီးဌာနက ပြည်တွင်း၌ ရာသီ ဥတု ပြောင်းလဲမှုနှင့် ရောဂါဖြစ်ပွားမှုတို့ကြောင့် ကြက်ဥထုတ်လုပ်မှု ကျဆင်းခဲ့၍ ပြည်တွင်း၌ ကြက်ဥအလုံအလောက် ရှိစေရန်အတွက် ပြည်ပမှတင်သွင်းရန် စဉ်းစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ကြက်ဥဈေးကြီးမှုပြဿနာ တစ်လအတွင်း မရပ်တန့်ခဲ့ပါက ဌာနမှ အခြေအနေ အရပ်ရပ်ကို ထိန်းချုပ်ပြီး ကြက်ဥဈေးသတ်မှတ်ခြင်း၊ ပြည်ပ သို့ တင်ပို့မှုများ သုံးလ ရပ်ဆိုင်းမည်ဖြစ်ကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူး နိုင်းရန်ယုန်းဖုံးရတ်က ပြောကြားခဲ့ပါတယ်။ မေလအတွင်း ဈေးကွက်သို့ ကြက်ဥများစွာ ဝင်ရောက်လာမည်ဟုခန့်မှန်းထားပြီး မကြာသေးမှီက တင်သွင်းလာသော မျိုးပွားကြက်မအကောင် (၄၈ဝဝဝဝ) မှ တစ်နေ့ကြက်ဥ အလုံးရေ ၂၆ သန်းမှ ၂၈ သန်းအထိ ထုတ်လုပ်နိုင်မည် ဖြစ်ပြီး ယခုအချိန်တွင် တစ်နေ့ ကြက်ဥ ၂၂ သန်းမှ ၂၃ သန်းခန့်အထိသာ ထုတ်လုပ်နိုင်ကြောင်း သိရပါတယ်။ အစိုးရဆိုင်ရာ အဖွဲ့အစည်းများမှ ကြက်ဥဈေး  နှုန်းကို ထိန်းချုပ်ပေးသွားမှာ ဖြစ်ကြောင်း ၂၈-၄-၂ဝ၁ဝ ထုတ် ထိုင်းသတင်းစာမှာ ဖေါ်ပြထားပါတယ်။ Source:ထိုင်းရတ်သတင်းစာ၊သောင်းနိုင်