Main menu

Background

ရောင်းပန်းလည်းလှ ဈေးကွက်ရတဲ့ မြန်မာ့သရက်

Thu, 05/26/2011 - 09:12 -- Anonymous (not verified)

ရောင်းပန်းလည်းလှ ဈေးကွက်ရတဲ့ မြန်မာ့သရက်                 မြန်မာသရက်သီးများဟာ တရုတ် သရက်သီးများထက် အနံ့အရသာပိုမို ကောင်းမွန်တာကြောင့် မြန်မာသရက် အမျိုးအစားအားလုံးကို မူဆယ် နယ်စပ်မှာ တရုတ်ဝယ်လက်များက ဝယ်ယူ လျက်ရှိတဲ့အတွက် ခိုင်မာတဲ့ဈေးကွက် ရရှိနေပါတယ်။ နေစဉ်တရုတ်ပြည်တွင်းမှ ကုန်သည် ၁၅ဝ ကနေ ၂ဝဝ ဦးခန့်အထိ မူဆယ် ၁ဝ၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်ကို လာရောက်ပြီး တိုက်ရိုက် ဝယ်ယူကြလျက်ရှိပါတယ်။ အရည် အသွေး အမျိုးအစားကောင်းမွန်တာနဲ့ အမျှ ရောင်းသူစိတ်ကြိုက်ဈေးနဲ့ တိုက်ရိုက် ရောင်းချခွင့်၊ အခွင့်အရေးရရှိ နေပါတယ်။ ဒါဟာ မြန်မာ့သရက်ရဲ့ တရုတ်နိုင်ငံသို့တင်ပို့ရာမှာ ရရှိနေတဲ့ အားသာချက်ပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဟိုင်နန်၊ ရင်ချန်း၊ လူလန်ဝါ၊ ကွင်းကျန်၊ တောင်စီဒေသ တွေဟာ သရက်သီးအများဆုံး စိုက်ပျိုး တဲ့ ဒေသများဖြစ်ပြီး စိုက်ဧက ၆ဝဝဝဝ ခန့် ရှိတယ်လို့သိရပါတယ်။ တရုတ် နိုင်ငံအတွင်းသို့ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကတဆင့် သရက်သီး တင်ပို့ရာမှာ ကြာမြင့်ချိန်တွေကတော့ အနည်းဆုံး ၂ ရက်ကနေ ၅ ရက်ထိ ကြာမြင့်တယ်လို သိရပါတယ်။ မူဆယ် ရွှေလီကနေ သက်ဆိုင်ရာမြို့ အလိုက် ကြာမြင့်ချိန်အချို့ကတော့ စီချွမ်း၊ ချန်ဒူး၊ ပန်ချီဝါး၊ ကူမင်းကိုပို့မယ်ဆိုလျှင် ၂ ရက်စီ ကွမ်တုံ၊ ကွမ်ကျိုးကိုပို့မယ်ဆို လျှင် ၄ ရက်စီနဲ့ ပီကင်းကိုတင်ပို့မယ် ဆိုလျှင် ၅ ရက်စီ အသီးသီး ကြာမြင့်ပါတယ်။     KKCM