Main menu

Background

မန်စီခရိုင်အတွင်း ဖရဲသီးများ ဈေးနှုန်းပိုမိုရရှိခဲ့

Thu, 05/26/2011 - 09:15 -- Anonymous (not verified)

မန်စီခရိုင်အတွင်း ဖရဲသီးများ ဈေးနှုန်းပိုမိုရရှိခဲ့             တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ မန်စီခရိုင်အတွင်း လယ်မြေများ၌ အများဆုံး စိုက်ပျိုးထွက်ရှိချိန်တွင် မိုးလေဝသ ကောင်းမွန်ခဲ့တာကြောင့် အလုံးကြီးပြီး အရသာချိုမြိန်တာကို တွေ့ရှိရပါတယ်။ ယမန်နှစ် ဖရဲသီး စိုက်ရာသီအတွင်း ရာသီဥတု ဖောက်ပြန်ပြီး မိုးရွာသွန်းမှု မမှန်ကန်တာကြောင့်ထွက်ရှိလာသော ဖရဲသီးများကတော့ အလုံးသေးပြီး ရေခမ်း ခြောက်ကာ အရသာမကောင်းတဲ့အတွက် ဖရဲသီး တစ်ကီလိုကို (ဝ ဒသမ ၈ မှ ၁ ) ယွမ်သာ ရရှိခဲ့ပါတယ်။ ဒီနှစ်မှာ မိုးလေဝသ ကောင်းမွန်ခဲ့လို့ ထွက်ရှိလာတဲ့ ဖရဲသီးများကတော့အလုံးကြီးပြီး အရသာချိုမြိန်တဲ့အတွက် ပြည်နယ်ပြင်ပရှိ ကွဲျကျန်းပြည်နယ်၊ ကွမ်းတုံးပြည်နယ်၊ ဟော် နန်း၊ ဟော်ပွေ့၊ ဟူနန်၊ ဟူပေ့စသည်ပြည်နယ်များနဲ့ တရုတ်အလယ်ပိုင်းဒေသ၊ အနောက်ပိုင်းဒေသတွေက ဖရဲသီးကုန်သည်အများစုအနေဖြင့် မန်စီခရိုင်အတွင်းရှိ ဖရဲစိုက်ခင်းများအရောက် အလု အယက်ဝယ်ယူလာတာကြောင့် ဖရဲသီးတစ်ကီလိုကို ၂ ဒသမ ၄ ယွမ်အထိရရှိခဲ့ပါတယ်။ ဖရဲသီးပျမ်းမျှဝယ်ဈေးမှာ တစ်ကီလို ၁ ဒသမ ၈ ယွမ်မှ ၂ ယွမ်ခန့်ရှိပြီး ဖရဲသီး တစ်ဧက ယွမ် ၂ဝဝဝ ခန့်အမြတ်ရရှိနေတဲ့အတွက် ဖရဲ ၆ ဧက စိုက်ပျိုးသူ တစ်ဦးအနေနဲ့ အသားတင်အမြတ်ငွေ ယွမ် ၁၂ဝဝဝ ခန့် အမြတ် ရရှိကြောင်း ဖော်ပြလိုက်ရပါတယ်။ Source: ယူနန်ပြည်နယ်မန်စီခရိုင်၊ အပတ်စဉ်အထူးထုတ်သတင်း၊ တင်လတ်