၂ဝ၁၁ တွင်ကမ္ဘာ့ ရော်ဘာထုတ်လုပ်မှု ၁ဝ ဒသမ ဝ၂၅ သန်းရှိနိုင် ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC) အသင်းဝင်နိုင်ငံတွေရဲ့ ထုတ်လုပ်မှု ကျဆင်းတာကြောင့် ယခုနှစ် ၂ဝ၁၁ မှာ သဘာဝ ရော်ဘာထုတ်လုပ်မှု တန်ချိန် ၁ဝ ဒသမ ဝ၂၅ သန်းအထိ ကျဆင်းနိုင်ပြီး ယခင်နှစ်ကတော့ တန်ချိန် ၁ဝ ဒသမ ဝ၆ သန်းသုံးစွဲခဲ့ကြောင်းသိရပါတယ်။ ထိုင်းနဲ့ တရုတ်က ပျှမ်းမျှခြင်း တွက်ချက်မှုအရ ထုတ်လုပ်မှုကျဆင်းနိုင်ပြီး အင်ဒိုနီးရှားနဲ့ အိန္ဒိယကတော့ ယခင်နှစ်ကထက်ပိုပြီး အထွက်ကောင်းနိုင်ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံက ၂ဝ၁၁ မှ လျာထားချက် တန်ချိန် ၃ ဒသမ ၄၃ သန်းကနေ ၃ ဒသမ ၃၇၅ သန်းကို အထွက်ကျနိုင်ပြီး ၂ဝ၁ဝ မှာတော့ တန်ချိန် ၃ ဒသမ ၂၅၂ သန်းထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။ အင်ဒိုနီးရှားကတော့ ၂ဝ၁ဝ ကထုတ်လုပ်မှု တန်ချိန် ၂ ဒသမ ၇၃၆ သန်းထက်ပိုပြီး တန်ချိန် ၂ ဒသမ ၉၅၅ သန်းအထိ ထုတ်လုပ်နိုင်မယ်လို့ မျှော်မှန်းထားကြောင်းသိရပါတယ်။ ANRPC ရဲ့ စုစုပေါင်းရောင်းလိုအားကတော့ ၅ ဒသမ ၈ ရာခိုင်နှုန်းသာတိုးတက်နိုင်ပြီး၊ ယခင်နှစ်ကတော့ ၆ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း သိရပါတယ်။ ၂ဝဝ၉ နိုဝင်ဘာလမှာ ANRPC ရဲ့ အဖွဲ့ဝင် ၁ဝ နိုင်ငံရှိပြီး ကမ္ဘောဒီးယား ၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နယူးဂီနိ၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ဖြစ်ပါတယ်။ ၎င်း (၁ဝ) နိုင်ငံက ၂ဝဝ၈ ခုနှစ်အတွင်းမှာ ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုရဲ့ ၉၄ ရာခိုင်နှုန်းကို ထုတ်လုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။ Source: commodity online, KZW
Background