ဂျပန်ငလျင်ဒါဏ်ကြောင့် ရော်ဘာဝယ်လိုအား ကျဆင်းနေ ဂျပန်နိုင်ငံရဲ့ ငလျင်ဒဏ်ကြောင့် ကားထုတ်လုပ်မှုတွေထိခိုက်ပြီး ရော်ဘာဈေးနှုန်းတွေ ကျဆင်းကာ ကုန်ပစ္စည်းတွေရဲ့ ဝယ်လိုအားလည်း ထိန်းချုပ်ထားသလိုဖြစ်နေကြောင်းသိရပါတယ်။ တိုကျိုကုန်စည်ဒိုင်မှာတော့ စက်တင်ဘာလ အတွက် စာချုပ်ဈေးနှုန်းက ၃ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို (၄၉၃ဝ ဒေါ်လာ) ကိုရောက်ရှိနေပါတယ်။ ငလျင်နဲ့ဆူနာမီရဲ့ အကျိုးဆက်ကြောင့် ကမ္ဘာ့အကြီးဆုံးကားထုတ်လုပ်ရေးဖြစ်တဲ့ တိုယိုတာကား အမျိုးအစားအားလုံးရဲ့ ပုံမှန်ထုတ်လုပ်မှုကို နိုဝင်ဘာဒါမှမဟုတ် ဒီဇင်ဘာမှာမှ ပြန်လည်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်းသိရပါတယ်။ ထိပ်တန်း တာယာထုတ်လုပ်ရေးဖြစ်တဲ့ ဘရစ်စတုန်းကလည်း ထုတ်လုပ်မှုခဲျ့ထွင်ဖို့စီမံကိန်းချမှတ်ထားပေမဲ့ တိုကျိုရဲ့ လျှပ်စစ်ဓါတ်အားက စက်ရုံ လည်ပတ်မှုအတွက် အကန့်အသတ်ရှိနေသေးကြောင်းသိရပါတယ်။ မော်တော်ကားထုတ်လုပ်ရေးတွေအနေနဲ့ အပျက် အစီးများကြားက ပြန်လည်ထူထောင်ဖို့ အခက်အခဲရှိနေပြီး ရော်ဘာဝယ်လိုအား ကျဆင်းမှုကလည်းကာလရှည်ကြားဖွယ် ရှိကြောင်း ဖူဂျီတိုမိကုမ္ပဏီရဲ့ သုတေသီကပြောကြားခဲ့ပါတယ်။ တိုယိုတာအနေနဲ့ ပုံမှန်ထုတ်လုပ်မှုကို ဂျပန် မှာ ဇူလိုင်လမှ ပြန်လည်စတင်နိုင်ပြီး နိုင်ငံရပ်ခြား စက်ရုံတွေမှာတော့ သြဂုတ်လမှာမှ စတင်နိုင်မယ်လို့သိရပါ တယ်။ ငလျင်ဒါဏ်ရဲ့ အကျိုးဆက်ကြောင့် ကုမ္ပဏီအနေနဲ့ ဂျပန်မှာကား ၃ သိန်းနဲ့ ပင်လယ်ရပ်ခြားမှာ ၁ သိန်းလောက်ဆုံးရှုံး နိုင်ဖွယ်ရှိကြောင်း ကုမ္ပဏီ ဒုတိယဥက္ကဌကပြောကြားခဲ့ပါတယ်။ တိုယိုတာအနေနဲ့ တနှစ်လုံးအတွက်ထုတ်လုပ်မှုကို အရေအတွက် (၇ ဒသမ ၇) သန်းအထိမှန်းထားကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့ပါတယ်။ ရော်ဘာဈေးနှုန်းဟာ ကမ္ဘာ့အများဆုံးသုံးစွဲသူဖြစ်တဲ့ တရုတ်နိုင်ငံမှာ ကုန်ဈေးနှုန်း ထိန်းချုပ်ဖို့အတိုးနှုန်းမြှင့်လိုက်တာနဲ့လဲ ဆက်စပ်မှုရှိကြောင်းသုတေသီများက သုံးသပ်ပါတယ်။ တရုတ်ရဲ့ ကုန်ဈေးနှုန်းဟာ ဧပြီလမှာ ၅ ဒသမ ၂ ရာခိုင်နှုန်းမှ ၅ ဒသမ ၅ ရာခိုင်နှုန်းကြားမြင့်တက်ဖွယ်ရှိကြောင်း နိုင်ငံတကာ ငွေလုံးငွေရင်းဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ တရုတ်ရဲ့ဝယ်လိုအား ဆက်လက်ကျဆင်း နိုင်ပြီးသိုလှောင်မှု ပမာဏ ကျဆင်းလာတာကို ကြည့်ခြင်းအားဖြင့် တရုတ်အနေနဲ့ ဈေးကွက်ကနေကုန်ကြမ်း ဝယ်တာထက်ရှိပြီးသား အရံပစ္စည်းတွေ ထုတ်သုံးနေတာတွေ့ရကြောင်း ဒီအက်စ်ဖျူးချားကုမ္ပဏီမှ သုတေ သီကပြောကြားခဲ့ပါတယ်။ တရုတ်ရဲ့သဘာဝ ရော်ဘာ ထုတ်လုပ်မှုဟာ ရှစ်နှစ်အတွင်း(၁၄၇၁၇)တန်ကနေ (၁၂၂၂) တန်ကို ကျဆင်းခဲ့ကြောင်း ရှန်ဟိုင်း၊ ရှန်ဒေါင်း၊ ယူနန်၊ ဟိုင်နန်နဲ့ တိုင်ဂျင်တို့မှာ သိုလှောင်ရုံ (၁ဝ) ခုကို ကွင်းဆင်းခဲ့ပြီးနောက် ရှန်ဟိုင်းကုန်စည်ဒိုင်က ပြောကြားခဲ့ပါတယ်။ ထိုင်း နိုင်ငံရဲ့ လက်ငင်းဈေးကတော့ ၁ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်ကီလိုကို (၅ ဒသမ ၈၃) ဒေါ်လာရှိကြောင်း ထိုင်း ရော်ဘာ သုတေသနဌာနက ပြောကြားခဲ့ပါတယ်။ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာ ဆောင်းရာသီ အရွက်ေြွကကာလ ဖေဖော်ဝါရီမှ မေ အထိ ထုတ်လုပ်မှုကျဆင်းကြောင်း ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC) ကပြောကြားခဲ့ တယ်လို့ သတင်းရရှိပါတယ်။Source:Bloomberg.com,KZW
Background