Main menu

Background

မေလအတွက်သကြားတန် ၁၉ ဒသမ ၆၃ သိန်းသာခွင့်ပြုမည်ဟုကြေငြာ

Thu, 05/26/2011 - 09:41 -- Anonymous (not verified)

မေလအတွက်သကြားတန် ၁၉ ဒသမ ၆၃ သိန်းသာခွင့်ပြုမည်ဟုကြေငြာ                အိန္ဒိယအစိုးရက မေလအတွက် သကြားတန်ချိန် ၁၉ ဒသမ ၆၃ သိန်းသာ ရောင်းချခွင့်ပြုဖို့ ဆုံးဖြတ် လိုက်တယ်လို့သိရပါတယ်။ ၎င်းတို့အနက် တန်ချိန် ၂ ဒသမ ၁၃ သိန်းကို အခွန်စည်းကြပ်မှာဖြစ်ပြီး ကျန်တာကိုတော့ အခွန် မစည်းကြပ်ဘဲဈေးကွက်မှာလွတ်လပ်စွာရောင်းချခွင့်ပြုမှာဖြစ်ကြောင်း သိရပါတယ်။ ဒီလိုအခွန်မစည်းကြပ်တဲ့သကြားတန် ၁၇ ဒသမ ၅ သိန်းရှိပြီး ၎င်းတို့အနက်က တန်ချိန် ၁၅ ဒသမ ၄၅ သိန်းက သာမန်ခွဲတမ်းဖြစ်ကြောင်း သိရပါတယ်။ တန်ချိန် ဝ ဒသမ ဝဝ၅ သန်းရှိတဲ့ သန့်စင်ပြီး အခွန်မဆောင်ရတဲ့ သကြားဖြူတွေကတော့ ၂ဝ၁ဝ ဒီဇင်ဘာမှာ သကြားကုန်ကြမ်းတင်သွင်းပြီး ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ အခွန်လွတ်သကြားတန် ဝ ဒသမ ၂ သန်းကတော့ ဇန်နဝါရီလရဲ့ လက်ကျန်ဖြစ်ကြောင်းသိရပါတယ်။ သကြားတန် ၁၉ ဒသမ ၆၃ သိန်းက မေလ အတွက် ပြည်တွင်းဝယ်လိုအား လုံလောက်မှုရှိတယ်လို့ ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။ အိန္ဒိယမှာသကြားဈေးကွက်ကို အစိုးရက တင်းကြပ်စွာ ချုပ်ကိုင်တယ်လို့ သိရပါတယ်။    Source: commodity online,KZW