Main menu

Background

Tuna ငါးဈေးနှုန်းများကျဆင်းသဖြင့် အင်ဒိုနီးရှားငါးဖမ်းသမားများ ထိခိုက်

Thu, 05/26/2011 - 09:47 -- Anonymous (not verified)

Tuna ငါးဈေးနှုန်းများကျဆင်းသဖြင့် အင်ဒိုနီးရှားငါးဖမ်းသမားများ ထိခိုက်              ဂျပန်နိုင်ငံ Fukushima prefecture မှာ နယူး ကလီးယား အကျပ်အတည်းဖြစ်ပေါ်ခဲ့ပြီးနောက် ဂျပန်ဈေး ကွက်မှာ tuna  ငါးဈေးနှုန်းတွေအပေါ် ဖိအားပေးဖြစ်ပေါ်စေခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံမှ ငါးဖမ်းသမားများမှာ tuna  ငါး အစားအခြားငါးတွေကို ဖမ်းယူကာ အသက်မွေးဝမ်းကျောင်းမှု ပြုနေကြရပါတယ်။ The Indonesian Association of Fish Cargo Operators (APKPII)  ဥက္ကဌဖြစ်သူ Ang Sakiman  က ဂျပန်လူမျိုးများမှာ tuna  ငါးတွေကို ဓါတ်ရောင်ခြည်သင့်မှာ စိုးရိမ်ပြီး စားသုံးမှုမရှိကြရာ tuna  ငါးဈေးနှုန်းများမှာ ပုံမှန် အနေနဲ့ တစ်ကီလိုဂရမ်ကို ၉ဝဝ ယန်း (၁၁ ဒေါ်လာနီးပါး) မှ ၁ဝဝဝ ယန်း (၁၂ ဒေါ်လာနီးပါး) အကြားရှိရာမှ တစ်ကီလို ဂရမ်ကို ၄ဝဝ ယန်း (၅ ဒေါ်လာနီးပါး) ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ Ang  မှ tuna  ငါးဈေးနှုန်းတွေ ကျဆင်းမှုကြောင့် ဂျကာတာမြို့မြောက်ပိုင်းရှိ Muara Baru ဒေသမှ ငါးဖမ်းသမား ၈ဝဝ ခန့်မှာ tuna  ငါးဖမ်းမှု ကိုရပ် တန့်ခဲ့ရာ အကျပ်အတည်းဖြစ်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။               ဒါ့ပြင် Ang က ငါးဖမ်းသမားတွေအနေနဲ့ tuna ငါးဖမ်းဖို့ ၅ လမှ ၇ လကြာအချိန်ယူရပြီး ဒီဇယ်လောင်စာ တန်ချိန် ၁ဝဝ ထက်မက ပိုမိုအသုံးပြုရကြောင်းနဲ့ အခြားငါးဖမ်းဖို့ ဒီဇယ် လောင်စာတန်ချိန် ၃ဝ တန်သာအသုံးပြု ရကြောင်း၊ ငါးဖမ်းသမားအများစုမှာ tuna ငါးဖမ်းရင် အရှုံးပေါ်မှာ ကိုစိုးရိမ်ရာ အခြားငါးတွေကိုဖမ်းယူနေကြ ကြောင်း ပြောကြားခဲ့ပါတယ်။ မျိုးမျိုးထိုက်၊Source:The Jakatapost.com