Main menu

Background

ကျေးလက်ဒေသသား၊ ငါးထုတ်လုပ်သည့် အစုအဖွဲ့ ဖွဲ့စည်းမည်

Thu, 05/26/2011 - 09:58 -- Anonymous (not verified)

ကျေးလက်ဒေသသား၊ ငါးထုတ်လုပ်သည့် အစုအဖွဲ့ ဖွဲ့စည်းမည်               ကျေးလက်ဒေသ သား၊ ငါးထုတ်လုပ်သည့် အစုအဖွဲ့များ ဖွဲ့စည်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က သိရသည်။                ''အခုလောလောဆယ် ရွှေဘိုခရိုင်ကျေးရွာ(၆)ရွာမှာ လုပ်သား ၅ဝဝ ကို ငါးရှဉ့်ဖမ်းဆီးထုတ်လုပ်တဲ့ လုပ်သား တွေရဲ့ အစုအဖွဲ့လုပ်ဖို့ ရှိနေပါတယ်။ အဲဒီအဖွဲ့တွေက စုပေါင်းပြီး ဖမ်းဆီးတာ၊ စုပေါင်းသယ်ယူပို့ဆောင်တာ၊ ဈေးကွက် ရှာတာ၊ ဝိုင်းကြီးချုပ်စနစ်နဲ့ ငွေချေးတဲ့လုပ်ငန်းတွေ ဆောင်ရွက်ရတဲ့ ကျေးလက်ငါးကုန်ထုတ်လုပ်ငန်းတစ်ခုဖြစ်လာမှာ ပါ။ စစ်ကိုင်းတိုင်းဒေသကြီးမှာလည်း ငါးဆားနယ်-ငါးကျပ်တင်၊ ဧရာဝတီတိုင်းဒေသကြီးမှာ ဘီလားငါး၊ တနင်္သာရီ တိုင်းဒေသကြီးမှာ ငံပြာရည်လုပ်ငန်း စုပေါင်းလုပ်ငန်းတွေကို One Region One Product လုပ်ဖို့ စီစဉ်နေပါပြီ''ဟု ယင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။             ရေထွက်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီးတွင် ကဏန်းပျော့မွေးမြူရေးလုပ်ငန်း၊ ရေမှော် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ကကတစ်မွေးမြူရေးလုပ်ငန်းများ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ငါးမြစ်ချင်းမွေးမြူရေးနှင့် ကဏန်းပျော့မွေးမြူရေးများမှာ ထင်ရှားသည့်လုပ်ငန်းများဖြစ်ခဲ့သည်။                     MN