မူဆယ်-မန်းကုန်တင်ခ အတက်ဈေးကျ၍ အဆင်းဈေးတက်
မူဆယ်-မန်းကုန်တင်ခ အတက်ဈေးကျ၍ အဆင်းဈေးတက် မူဆယ်- မန္တလေး ကုန်တင်ခများ မန္တလေးမှ အတက်ကုန်ခဈေးနှုန်း ကျဆင်းပြီး မူဆယ်မှ အဆင်းကုန်တင်ခနှုန်းထား မြင့်တက်လာကြောင်း သိရပါတယ်။ စိန်ထိပ်တန်း ကုန်တင်ဂိတ်မှ ကိုစန်းနိုင်ဦးက ''မူဆယ်ဘက်မှာ ကုန်စည်ပြပွဲ ကျင်းပနေပြီး တရုတ်ငွေဈေးကျတဲ့အတွက် အဆင်းကုန်တင်ခ ဈေးမြင့်တယ်။ အဆင်းကုန်တင်ခနှုန်း သြင်္ကန်ရက်က တစ်ပိဿာ ၇၅ ကျပ်ကနေ ဒီတစ်ပတ်မှာ ကျပ် ၉ဝ ထိ တက်လာတယ်။ ၂ ရက်၊ ၃ ရက်အတွင်း ဈေးအပြောင်းအလဲ ဖြစ်လာတာ။ ဒီတစ်ပတ်မှာ အတက်ကုန်တင်ရတာ နည်းတဲ့အတွက် အတက်ကုန်နှုန်းကျတယ်။ ဧပြီလကုန်ပိုင်းက မန္တလေးကနေ ၁ဝ၅ မိုင်ကို ၉၅ ကျပ်ဈေးရှိခဲ့တာ၊ အခုလဆန်းပိုင်း မေ ၂ ရက်က ၆၅ ကျပ်ထိကျလာတယ်''လို့ ပြောပါတယ်။ ယခုတစ်ပတ်တွင် မူဆယ်သို့ ယခင်ကအတက်များတဲ့ ကုန်များဖြစ်တဲ့ ဆီးသီးခြောက်၊ ပဲနဲ့ ပြောင်းများ အတက်နည်းပြီး အဆင်းကုန်များတွင် တရုတ်ငွေဈေးကျ၍ ကုန်အဆင်းနည်းလျက်ရှိကြောင်း သိရပါတယ်။ ဇူးဇူး
